Part-13

13.6K 825 23
                                    

Zawgyi

××××××××××××××××××××××××××××××××

မလှပတဲ့အတွေးတွေကိုသီကုံးရင်း
မျက်ဝန်းတို့အားမှိတ်ထားမိသည်...။
ဒေါသထွက်မိပေမယ့်လဲ စိတ်တို့တော့
ပူမိသေးရဲ့...။

အဲ့လောက်တောင်ပဲကိုယ့်ဆီက
ထွက်ပြေးချင်ခဲ့တာလား Candy...
မင်းကိုသိပ်ချစ်တဲ့ကိုယ့်ကိုထားပြီး
ထွက်သွားခဲ့ပြန်ပြီ..ဒါနဲ့ဆို နှစ်ခါရှိရောပေါ့...။

ထွက်ပြေးတဲ့အကြောင်းတွေးမိပြန်တော့
တစ်ဖန်ပြန်ကာဒေါသထွက်ရပါတယ်...။

ရှေ့မှာချထားတဲ့အရက်ခွက်ကိုယူကာ
မော့သောက်သည်..။အရက်ရဲ့ပြင်းရှရှအရသာနဲ့
အတူ လည်ချောင်းပါပူထူသွားသည်...။
သို့ပေမယ့် ရင်ထဲကခံစားချက်တွေလောက်တော့
ဘယ်ပူပါ့မလဲ...။

မင်းကိုလွမ်းတဲ့စိတ်ကို အရက်နဲ့ဖြေမယ်...။
ဒါမှမူးနေတုန်းမင်းကိုမေ့ထားနိုင်မှာ Candy...။
တစ်ဖြည်းဖြည်းနဲ့အရက်ရှိန်ကြောင့်
အမြင်တွေဝေဝါးလာသည်...။
သို့ပေမယ့်လဲ အရက်တို့အား
ဆက်သောက်မိနေဆဲပင်..။

"ခေတ်..."

"အင်း...ဟူး..ရောက်ပြီလား....ကိုယ့်ကလေးလေး
ဘာလို့နောက်ကျနေတာလဲ..ဟင်...
မေးနေတယ်လေ..ဖြေဦးလေ ကလေး.."

"ငါ night duty ဆင်းနေရလို့ပါ..ခေတ်ရဲ့.."

ခေတ်ရယ် မင်းကမူးနေရင် လုံးဝ ကလေးလိုပါလား...။ငါမင်းကိုချစ်လိုက်တာ...။
တစ်ခါတစ်လေလေးတော့ မင်းဘေးကငါ့ကို
ကြည့်ပေးပေါ့...နီးလွန်းလို့မမြင်နိုင်ရင် မင်းမြင်နိုင်တဲ့နေရာမှာပဲ ငါရပ်နေမယ်..။
ငါ့ကိုသာမြင်အောင်ကြည့်ပေးပါ...ခေတ်..။

"ငါမင်းကို လွမ်းနေတာ.."

"အမ်...ဘာ ဘာပြောလိုက်တာ.."

"ဟုတ်တယ် ငါမင်းကိုလွမ်းနေတာ.."

လွမ်းနေတယ်တဲ့ ခေတ်ကလေ...။
တဒိတ်ဒိတ်ခုန်နေတဲ့ရင်ဘတ်အစုံရယ်...
ခဏလောက်လေးငြိမ်သက်ပေးပါ
ချစ်ရသူဆီက ဒီစကားလေးက ကြားရခဲလွန်းလို့ပါ

"ငါလဲလွမ်းတယ် ခေတ်....."

"တကယ်ပြောတာလား ကိုယ့်ကို တစ်ကယ်လွမ်းတာလား Candy"

CANDY is MINE🔞Z+U{COMPLETED}Where stories live. Discover now