Part-9

15K 1K 105
                                    

Zawgyi

××××××××××××××××××××××××××××××××

ကလေးငယ်နဲ့ဝေးနေခဲ့ရတာ၅လတောင်ရှိခဲ့ပြီ..။
မပြီးပြတ်သေးတဲ့ အလုပ်တွေကြောင့်ရယ်..
ဟန်ပြလုပ်ထားတဲ့ စီးပွားရေးကလဲ အောင်မြင်လာတာကြောင့်....ကုမ္ပဏီခွဲ
ထပ်တိုးရပြန်သည်...။

ရမ်ဒီတို့နဲ့ဆေးလှဲလှယ်ပြီးတော့
ရဲတွေရောက်လာသည်မို့ အရှုပ်အရှင်းကင်းအောင်
ပုန်းလျိုနေရသေးသည်....။

ကုမ္ပဏီ Project ကလဲသူကိုယ်တိုင်မှ
မလုပ်ရင် စိတ်တိုင်းမကျတာကြောင့်
တစ်ညလုံးအိပ်စက်ခြင်းတောင်မပြု
အနားမယူဘဲ အလုပ်ပြီးချင်ဇောနဲ့ ကြိုးစား
လုပ်မိခဲ့တာ နှာခေါင်းသွေးလျံသည်အထိပင်..။

ပင်ပန်းလွန်းရင် ဝမ်းနည်းတတ်တာ လူ့သဘာဝပေမို့...ချစ်ရသူကိုသတိရမိလေရဲ့..။
ကလေးငယ်ရဲ့...ရင်ခွင်သေးသေးလေးဆီ ခေါင်းတိုးကာ ပင်ပန်းသမျှကို အားယူချင်မိတယ်...။

လက်လေးတွေကဖုန်းscreen ထက်ကို
ပြေးလွှားရင်း ကလေးငယ်ပုံလေးအရောက်မှာ
ရပ်တန့်သွားလေတယ်...။

သွားတက်လေးတွေပေါ်အောင်ပြုံးပျော်
နေခဲ့တဲ့ကလေးက...အပူအပင်ကင်းစွာပင်..။
ချစ်ဖို့ကောင်းလိုက်တာ ကလေးငယ်...
ကိုယ်စေလိုရာကို ကမယ့် အရုပ်လေးသာ
ဖြစ်ပေးပါတော့လား...။
တစ်ချိန်မှာကြိုးပြတ်သွားမှာမလိုလားပေမယ့်
ပိုင်ဆိုင်တုန်းတော့ လိုသလို ကြိုးဆွဲခွင့်ပေးပါ..
Candy...

လွမ်းတယ်...Candy...တစ်လဆိုပြီး
ထွက်လာခဲ့မိတာ ၅လ​တောင် ကြာသွားရှာတယ်..။
အချိန်ကုန်တာမြန်မယ် ထင်ခဲ့ပေမယ့်
သိပ်ကို ကြာလွန်းတယ်...။ခုတော့ အလုပ်တွေ
ပြီးလို့ ကလေးငယ်ရှိရာပြန်လာခဲ့တော့မယ်..။
စောင့်ကြိုနေမယ်မလား Candy...။

နစ်နစ်နဲနဲ အလွမ်းတွေကြားမှာ အချစ်တွေလဲ
ညှက်သိပ်ကာထည့်ထားခဲ့ပါပြီ
ကလေးငယ်...။ကိုယ်ယုယပေးပါမယ်
ကိုယ်ကြင်နာပေးပါမယ်...ဒါကြောင့်
ကိုယ့်ကို လက်သင့်ခံလို့ နွေးထွေးစွာ ကြိုဆိုပေးပါ

တွေးမိရင်းတောင် ပျော်ရွှင်မှုကအတိုင်းမသိပင်။

"ခေါင်းဆောင်"

CANDY is MINE🔞Z+U{COMPLETED}Where stories live. Discover now