Part-19

12.9K 798 24
                                    

Zawgyi

××××××××××××××××××××××××××××××××

ဆေးရုံကုတင်ထက်ထက်မှာ...
နာကျင်မှုတို့ကြောင့် ပျက်ယွင်းနေတဲ့
မျက်နှာနဲ့အတူ နဖူးထက်မှာ ချွေးစတို့
ဆို့ထွက်နေသည်...။

အားတို့ရလိုရညား ဆုတ်ကိုင်ထားတဲ့ လက်ဖြူဖြူလေးကိုလဲ
ပိုတင်းကြပ်စွာဆုတ်ကိုင်ထားမိသည်...။

အသားပေါ်မှာ အစိမ်းလိုက် ဖောက်ဝင်
နေတဲ့ ချုပ်အပ်တွေနဲ့အတူ ထိုကောင်လေးဟာလဲ
နာကျင်မှုကို အောင့်ခံထားလေသည်..။

ချုပ်ပြီးသွားတာနဲ့ အရက်ပြန်တို့လိုက်ချိန်
စပ်ဖျင်းဖျင်းခံစားမှုကို ရလိုက်ကာ နှာခေါင်းထဲ
အရက်ပြန်နံ့တို့ တိုးဝင်လာသည်..။

ပြီးတာနဲ့ဆေးရည်တစ်မျိုးထည့်ပြီး အနာအား
ဂွမ်းအုပ်လိုက်သည်...။

သူ့ဘေးနားမှာ စိုးရိမ်နေတဲ့ မျက်နှာလေးနဲ့အတူ
ဖြူနုနုကောင်လေးဟာလဲ ထိုဒဏ်ရာအား
စိုက်ကြည့်နေသည်...။

"နာလား..."

"မနာဘူးပြောရင်တော့ ကိုယ်လိမ်ရာကျမှာပေါ့.."

စိတ်မကောင်းဟန် မျက်နှာလေးက
ခပ်ငိုက်ငိုက်လေးဖြစ်သွားသည်...။

"ဒဏ်ရာဟောင်းက တစ်ခုခုနဲ့ထပ်ထိမိထားတယ်ထင်တယ်.."

ဒေါက်တာရဲ့ အပြောကို ထောက်ခံသည့်
အနေနဲ့ခေါင်းငြိမ့်ပြလိုက်သည်..။

"ဒါနဲ့ ဟိုဆိုင်ကယ်တိုက်တဲ့ ကောင်လေးရော
သက်သာလား.."

"တော်သေးတယ် ပဲပြောရမှာပေါ့ဗျာ ဆိုင်ကယ်ဦးထုတ်ဆောင်းထားလို့
အသက်ဘေးကလွှတ်သွားတာ.."

"အော်.."

"ကျွန်တော်တို့တောင်လန့်သွားတာ အသံကအကျယ်ကြီးဆိုတော့ဗျာ..."

ကလေးငယ်ကတော့ သူတို့စကားစပြတ်
အောင်စောင့်နေပြီး မျက်နှာငယ်လေးနဲ့
သာကြည့်နေမိသည်..။

"ဘာနဲ့ထပ်ထိတာလဲဟင်.."

မျက်နှာငယ်လေးနဲ့ မျက်ဝန်းလှလှလေးမှာ
မျက်ရည်စတို့ဝေ့နေတဲ့ ကောင်လေးက
အမေးရှိလေသည်..။

"မနက်ကရေချိုးခန်းထဲမှာ ခြေချော်မလိုဖြစ်ပြီး
ဘေစင်ဒေါင့်နဲ့ ဆောင့်မိပြီး ချုပ်ရိုးပြေသွားတာ.."

CANDY is MINE🔞Z+U{COMPLETED}Onde histórias criam vida. Descubra agora