Part-16

15.3K 928 58
                                    

Zawgyi

××××××××××××××××××××××××××××××××

တံခါးဝနားမှာရပ်နေရင်းက
ထိုင်ခုံမှာဝင်ထိုင်လိုက်တဲ့ဝဏ္ဏကို
ခေတ်ကတော့ မျက်တောင်ပင်မခတ်ဘဲ
စိုက်ကြည့်နေသည်ထင်ရဲ့...။

"ဘာကိစ္စလဲ ဝဏ္ဏ​သော်.."

"ဒီနားလာရင်း လမ်းကြုံဝင်လာတာ.."

"အော်...ဟုတ်လား.."

"ဒါနဲ့ ဘယ်သူမှမလာဘူးလား.."

"ဘာကိုလဲ.."

"ဘာမှမဟုတ်ပါဘူး..."

ခေတ်ကတော့ ဒေါသအလွန်ပင်ထွက်နေပေမယ့်
ဆက်ကာထိန်းထားသေးသည်..။

"မင်းကလေးကို ပြန်မတွေ့သေးဘူးလား.."

ထိုစကားအဆုံး သည်းမခံနိုင်တော့တဲ့ ခေတ်က
ဝဏ္ဏအင်္ကျီကော်လံဆွဲကာ ပိတ်ထိုးလိုက်တော့သည်...။

"ခေတ်.."

"မင်းစောက်ပါးစပ်ပိတ်ထား "

"ခေတ် ငါ.."

"ငါ*မသား...ခွပ် ခွပ် "

အောက်သို့လှဲကျသွားတဲ့ ဝဏ္ဏကလဲ အခြေအနေကိုသဘောပေါက်စွာနဲ့ ခေတ်ကိုပါလာတဲ့ ဓားနဲ့ထိုးရန်ပြင်သည်..။

လူကိုသဲကြီးမဲကြီး ထိုးနေတဲ့ ခေတ်ကတော့ ဒါကိုမမြင်ပေ...။အပေါ်ထပ်ကနေလှမ်းကြည့်နေတဲ့ တံခွန်ကနေရောင်ကြောင့်လက်သွားတဲ့ ဓားကို
ရိပ်ခနဲ မြင်လိုက်သည်မို့ အောက်ဆင်းဖို့လုပ်ပေမယ့် ရတီကဆွဲထားသည်..။

အောက်သို့လဲဆင်းလို့မရသလို အသံတို့လဲ
ထွက်လို့မရပေ...မလုပ်နဲ့လို့ အော်နေပေမယ့်လဲ အသံရယ်ထွက်မလာသေး...။အတင်ရုန်းကာ
ရတီရဲ့လက်ကလွှတ်တာနဲ့ လှေကားကနေပြေးဆင်းလာသည်..။

လှေကားကနေ ပြေးဆင်းလာသည့်အသံကိုကြား
လို့ ခေတ် ကြည့်မိခိုက်မှာပင် ဝဏ္ဏက ခေတ်အား
ဓားနဲထိုးချလိုက်သည်..။

"အာ့.. "

ဓားနဲ့ထိုးပြီးတာနဲ့ ထိုဓားကိုပစ်ချကာ ဝဏ္ဏပြေးဖို့အလုပ်
ခေတ်ရှောင်ခိုင်းထားတဲ့တပည့်တွေက
ထွက်လာပြီး ဖမ်းချုပ်ထားလိုက်သည်..။

"ခေါင်းဆောင် အဆင်ပြေရဲ့လား.."

"ရတယ် ဘာမှမဖြစ်ဘူး..."

CANDY is MINE🔞Z+U{COMPLETED}Donde viven las historias. Descúbrelo ahora