Part-27

7.8K 515 13
                                    

Zawgyi

××××××××××××××××××××××××××××××××

ဒီနေ့မှာလေလံပွဲရှိတာမို့ သွားရမည်ဖြစ်တာ
ကြောင့် Candy ကိုအနီးကပ်စောင့်ရှောက်ဖို့
လူယုံတော်တစ်ယောက်ကို စေခိုင်းထားသည်..။

ထိုလေလံပွဲကို အကြောင်းပြပြီး တခြားသော
အကြောင်းပြချက်တွေရှိနေနိုင်သည်...။
တရားဝင်ဆိုတဲ့ အမည်ကြောင့် ဥပဒေမဲ့တော့
သိပ်ရမ်းကားလို့မဖြစ်ပေ..။
သို့ပေမယ့်လဲ အမှောင်ထုကိုအလင်းနဲ့ကာထားတဲ့
လေလံပွဲဖြစ်တာကြောင့် ဂိုဏ်းသား
တော်တော်များများ လက်နက်တော့ပါခဲ့လိမ့်မည်
အမှန်...။

ကလေးငယ်ကတော့ ခုထက်ထိ စိတ်ဆိုးပြေဟန်
မတူ...။သူ့ကိုတွေ့တိုင်း စကားအများကြီးမဆိုဘဲ
အနည်းငယ်သာဆိုသည်...။

မနေ့ကတစ်နေကုန် ကလေးငယ်ကိုပစ်ထားမိတာ
ကြောင့် စိတ်ဆိုးနေတော့မည်အမှန်ပင်...။
အလုပ်ကလဲ ဖုန်းလေးပင် မဆက်နိုင်လောက်
အောင်ကိုများလွန်းသည်..။ခုအချိန်ခဏရတုန်း
လေး ကလေးငယ်အသံလေး
နှင့်အလွမ်းဖြေမည်..။ ကလေးငယ်ရဲ့
ဆူငေါက်ငေါက်အသံလေးကိုကြားရဖို့
ကလေးငယ်ကိုဖုန်းခေါ်လိုက်သည်..။

"Hello Candy "

"ဘယ်သူလဲ မှတ်တောင်မမှတ်မိတော့ဘူး "

"ကိုယ်အလုပ်တွေမအားလို့ပါ "

"အလုပ်က ခင်များချစ်သူလား "

ဤအသံကိုနားထောင်ခြင်းဖြင့် ကလေးငယ်
မည်မျှစိတ်ကောက်နေမလဲ အနည်းငယ်တော့
မှန်းဆလို့ရပါဘိ...။

"ကိုယ်လွမ်းလို့ဖုန်းဆက်တာကို "

"အော် လွမ်းသေးတယ်ပေါ့ ကျွန်တော့်မှာတော့
ဖုန်းမဆက်တဲ့သူရှိလို့ အိပ်ရတာတောင်
နှစ်နှစ်ခြိုက်ခြိုက်ပဲ "

"ကဲပါ ကိုယ်ခုလာခဲ့မယ် ပြီးတော့ ဒီနေ့
ကျောင်းမသွားနဲ့တော့ "

"ဘာလို့လဲ "

"ကိုယ့်စကားနားထောင်ပါကွာ နော် "

"မရဘူး အိမ်မှာပျင်းတယ် "

"Candy ကိုယ်တောင်းဆိုတယ်ကွာ ဟုတ်ပြီလား
ခုကိုယ် မင်းကိုလာတွေ့မယ် "

CANDY is MINE🔞Z+U{COMPLETED}Tahanan ng mga kuwento. Tumuklas ngayon