Part-29

8.2K 525 47
                                    

Zawgyi

××××××××××××××××××××××××××××××××

လေလွှင့်ငှက်လေးကဘယ်ဆီကို
လမ်းမှားနေသည်မသိ စောင့်သောသူမှာ
လည်တစ်မျော်မျော် လည်တစ်ဆန့်ဆန့်ရယ်..။

"တံခွန်ရာ မင်းမျက်နှာက ရည်းစားပူမိနေတဲ့
အတိုင်းပဲ "

"သခင်လေးတံခွန်က တကယ်ရည်းစားပူမိနေရှာတာ သက်သစ်ရေ "

"ဟားဟား "

သက်သစ်အိမ်ကိုရောက်လာပြီး ကိုရဝေနဲ့
မိတ်ဆက်ပေးပြီးကတည်းက စကားတွေ
ဖောင်ဖွဲ့ပြီး သူ့ကို ဖဲ့နေကြရှာတာ ကြားလို့မှ
မကောင်း...။ Daddy မရှိတုန်း အနိုင်ကျင့်
နေကြတာများ ဟွန့်..။

ကလေးငယ် မျက်စောင်းလေးတစ်ထိုးထိုးနဲ့
ထိုနှစ်ယောက်ကို ကြည့်နေပုံက မုန့်မစားရသေး
လို့စိတ်ကောက်နေရှာတဲ့ ကလေးပုံနဲ့တူသယောင်
ချစ်ဖို့ကောင်းလွန်းပါရဲ့...။ ထိုနှစ်ယောက်ဟာလဲ
ကလေးငယ်ရဲ့ ချစ်ဖို့ကောင်းသော ပုံရိပ်
လေးမြင်ချင်တာမို့ တမင်စနှောက်နေဟန်ပင်..။

"ဟေ့ ဟေ့ ငါ့အိမ်မှာ လာနေကြပြီးတော့နော်
အိမ်ရှင်ကို မညာမတာ ပြောဆိုနေတာ "

"ဘာလဲ အဲ့တော့မဟုတ်ဘူးလား တံခွန် "

"ငါ့လူကြီးက မနက်ကတည်းက ထွက်သွားတာလေ ခုညနေစောင်းနေပြီ ပြန်မရောက်သေးတော့ စိတ်ပူတာပေါ့
မင်းတို့လို့ ဝါရင့် Fa ဂိုဏ်းချုပ်တွေက
ငါ့ခံစားချက်ကိုသိမှာတဲ့လား "

"လာပြီးတော့နော် Fa လေးဘာလေးနဲ့
မထားချင်လို့ခါချနေရတာ "

"ဘာလဲ ဖုန်တွေခါချနေရတာလား ဒါကြောင့်
မင်းငါ့နားလာတိုင်း ဖုန်နံဟောင်နေတာကိုး"

"မင်း မင်းနော်တံခွန် ငါ့ကိုဖဲ့တာများနေပြီ "

"တော်ပါတော့ တော်နေကြာ နှစ်ယောက်သား
ထသတ်တော့မယ် "

"ရဝေ ပြောသလိုပဲ ထသတ်မိတော့မှာ "

"အမလေး မပြောချင်ဘူးနော် ရဝေ ရဝေ တဲ့
ခုမှတွေ့တာကို မသိရင် တအားရင်းနှီးသလိုနဲ့"

"ဘာဖြစ်လဲ မကျေနပ်ဘူးလား မင်းထက်ကြီးတဲ့ငါ့ကို
တောင်အကိုတပ်မခေါ်ဘဲ ရဝေကျမင်းကအကိုတပ်
ခေါ်တယ် ကြည့်နေ မင်းလူကြီးမရှိတုန်း အသေကိုနိုင်ထားဦးမယ် "

CANDY is MINE🔞Z+U{COMPLETED}Where stories live. Discover now