Part-20🚨

18.1K 778 44
                                    

Zawgyi

Warning🚨🚨🚨

××××××××××××××××××××××××××××××××

ညမီးအိမ်လေးရဲ့ အလင်းဖျော့ဖျော့တို့က
ကုတင်ထက်မှာ လှဲအိပ်​နေဟန် တူတဲ့
ကောင်လေးပေါ် ဖြာကျလျက်ရှိတာမို့ ကောင်လေးရဲ့ မျက်နှာထက်က
အလိုမကျမှုတွေ အထင်းသား မြင်နေရသည်..။

ဘာတွေများအလိုမကျနေတာလဲ ကလေးငယ်..။
မျက်နှာထက်က အလိုမကျမှုတွေက
လွမ်းနာကျနေတဲ့ ကလေးတစ်ယောက်လို..။

ညဥ့်နက်လေ အလွမ်းပိုလေပါလား...ခင်များရယ်
ခုချိန် တစ်ယောက်သောသူရဲ့ အနမ်းလေးကိုခံယူပြီး ကျယ်ပြန့်လွန်းတဲ့
ရင်ခွင်နွေးနွေးကြီးထဲ အိပ်စက်ခွင့်ရနေရင်..
ခုလိုပူပန်နေမယ်တောင်မထင်ဘူး...

ဟာတာတာဖြစ်နေတဲ့ ရင်အစုံကို
ဘယ်လိုများဖြေရပါ့မလဲ...။

ခင်များပေးတဲ့ အနမ်းနဲ့...ကျွန်တော်ရတဲ့
အလွမ်းက ထပ်တူမကျလိုက်တာဗျာ...။

အနေဝေးလို့ သွေးအေးတာထက်..
တစ်ရက်လောက်လေး ဝေးတာနဲ့
ပိုလွမ်းသွားတတ်တာက အကဲပိုမိသလိုများ
ဖြစ်လေမလား..။

"လွမ်းလိုက်တာ..Daddy ရယ်.."

မှိတ်ထားမိတယ် ထင်ရတဲ့ မျက်ဝန်းတွေက
ခုထိမှိတ်မရဘဲ ဖွင့်ထားမိဆဲ...။
အဖြူရောင်မျက်နာကျက်ကြီးရဲ့
တစ်နေရာကို အကြည့်သို့လွှဲထားကာ စိုက်ကြည့်မိရင်း အတွေးတွေက ထိုလူကြီးဆီသာ။

ခင်များ အကြောင်းတွေးမိပြန်တော့
နှလုံးသားလေးက ရေနွေးဆူနေတဲ့ အိုးတစ်လုံးလိုပင်...။

နှလုံးသားရှိရာဝဲဘက်ရင်အုံလေးဆီ
လက်လေးတင်ကာ စမ်းကြည့်မိတယ်...။

"ဒီထဲမှာ ခင်များ ရှိနေတယ်မလား...
ကျွန်တော်လေ ခင်များ ကိုအရမ်းလွမ်းတာပဲ...
ခုချိန်တွေ့ရင် ခများကို အကြာကြီး ဖက်ထားမိမယ်ထင်တယ်...ခင်များ ရော
ကျွန်တော်မရှိဘဲ အိပ်ပျော်နေရဲ့လား...
ကျွန်တော်ကတော့ အိပ်မပျော်ပါဘူးဗျာ...
ခင်များ ရင်ခွင်ထဲဘဲ အိပ်နေကျမလို့
ခင်များမရှိရင် ကျွန်တော်မအိပ်တတ်တော့ဘူးနဲ့
တူတယ်...."

~~Ring Ring ~~

ဖုန်းထဲ Message ဝင်လာသံကြောင့်
အတွေးစတို့ တစ်ခဏပြတ်တောက်သွားရသည်..။

CANDY is MINE🔞Z+U{COMPLETED}Where stories live. Discover now