Part-35

7.4K 451 72
                                    

Zawgyi

××××××××××××××××××××××××××××××××

သွေးအထွက်လွန်ကာ ကျည်မှန်ထားသော
လူနာရောက်လာသည်မို့ ဆေးရုံက
တာဝန်ကျ ဆရာဝန်တွေ အလုပ်ရှုပ်ကုန်တော့သည်... ။

"ဆရာ အရေးပေါ်လူနာရောက်လာလို့
ကျည်ထိထားပြီး သွေးထွက်လဲလွန်နေတယ်.."

လျံခေတ်မင်းဆေးရုံရောက်တာနဲ့
သူနာပြုဆရာမလေးရဲ့ စိုးရိမ်တစ်ကြီး
စကားဆိုသံတွေ...။ခေတ်နားအပြေးအလွှား
ရောက်လာကြတဲ့ ဆရာဝန်တွေ...။
ခွဲခန်းအသင့်ပြင်ခိုင်းတဲ့ ဒေါက်တာတွေ..။
တော်တော်များများ အလုပ်ရှုပ်သွားမယ်ထင်ပါရဲ့..။

အဖြူရောင်ဆေးရောင်တွေနဲ့ချယ်ထားသော
ဆေးရုံရဲ့ တစ်ခုသောအခန်းမှာ ဆေးနံ့တို့နဲ့အတူ
သွေးညီနံ့တို့လဲ ပျံ့လွှင့်နေသည်...။

ခွဲစိတ်ခန်းကုတင်ထက်က ကောင်လေးက
သေမင်းနှင့်အားပြိုင်ကာ အသက်လုနေရပုံပင်...။
ဆရာဝန်တွေလဲ ကိုယ်စွမ်းရှိသလောက်
ကြိုးစားနေကြပေမယ့် ကျည်မှန်ထားတဲ့
နေရာမှာ သွေးတို့အဆက်မပြတ်ထွက်နေတာမို့
အသားထဲနစ်ဝင်နေသောကျည်ကိုပင်ရှာမရဖြစ်နေသည်...။

"ဆရာ သွေးအရမ်းထွက်နေတယ်
သွေးပေါင်လဲဆက်တိုက်ကျနေတယ် ..."

"သွေးအိတ်လိုလောက်မယ်...သွား
ငှာန ၁ မှာ B သွေး နှစ်အိတ်လောက်
ယူခဲ့ "

"ဟုတ်ကဲ့ ဆရာ..."

ခွဲစိတ်ခန်းထဲမှာ တာဝန်ကျတဲ့ လက်ထောက်
ဆရာဝန်လဲ ခွဲခန်းအပြင်ကိုသွေးအိတ်
ယူရန်ပြေးထွက်လာသည်...။

ခွဲစိတ်ခန်းရဲ့ အပြင်ဘက်တွင် ခေတ်အား
စောင့်ဆိုင်းနေသူတွေတန်းစီလို့ရယ်..။

ဆေးပိုက်တန်းလန်းနဲ့ ကလေးငယ်ဟာလဲ
နှုတ်ခမ်းတွေဖြူရော်လို့ အားပြတ်နေတဲ့အသွင်နှင့်
ခုံတန်းလေးထက်မှာထိုင်ရင်း
ချစ်ရသူထွက်လာချိန်ကို စောင့်ဆိုင်းနေသည်..။

ခွဲခန်းတံခါးဖွင့်တာမြင်တာနဲ့ စောင့်နေသောသူ
ထွက်လာတော့မလား ငေးကြည့်ပေမယ့်
ဒေါက်တာ တစ်ယောက်သာထွက်လာသည်..။
အထဲက ချစ်ရသူရဲ့အခြေအနေကိုသိချင်တာမို့
တုန်ယင်သောအသံတို့ဖြင့် အမေးရှိမိသည်..။

CANDY is MINE🔞Z+U{COMPLETED}Where stories live. Discover now