Part-36

7.4K 452 47
                                    

Zawgyi

××××××××××××××××××××××××××××××××

တိတ်ဆိတ်နေသော သီးသန့်ခန်းလေးအတွင်းမှာ
ကလေးငယ်ရဲ့ ခပ်တိုးတိုးစကားသံလေးရယ်
ဆေးအိတ်ဆီမှ ဆေးရည်ကျသံလေးရယ်
ကလွှဲရင် မည်သည့်အသံကမှ ဖုံးလွှမ်းခြင်းမရှိ..။

ဆေးရုံကုတင်ထက်မှာ အိပ်မောကျနေသော
လူသားလေးကအောက်ဆီဂျင်ပိုက်တန်းလန်းလေးနဲ့အတူဆေးပိုက်ဟာလဲ လက်လေးထက်မှာ
သွယ်တန်းလို့....ခုထက်ထိသတိရမည့်
ဟန်မပြသေး...။

ထို့အတူချစ်ရသောလူသားလေးရဲ့ ဘေးဘီဝယ်
ကလေးငယ်ဟာ ခုထက်ထိအနားမယူသေးဘဲ အိပ်မောကျနေဟန် ချစ်သူ့ မျက်နှာလေးကို
မြတ်နိုးစွာ ငေးမောနေရင်းမှ လက်လေးအား
ဆုတ်ကိုင်ထားကာ ခပ်တိုးတိုးစကားဆိုနေသည်..။

ဆရာဝန်တွေက ကလေးငယ်ကို
အနားယူရန်ပြောပေမယ့် အတင်းအကြပ်ပင်
ငိုယိုပြီးငြင်းသည်မို့ ထိုလူသားလေးနား
နေခွင့်ပြုခဲ့ကြသည်...။ ဥာဏ်ပိုင်တို့လဲ
ကလေးငယ်အား ဖျောင်းဖျမရသည်ကြောင့်
လက်လျော့ခဲ့ကြသည်..။ဘယ်အရာကိုမဆို
တခြားသူတွေနဲ့ ခေါင်းမာလေ့မရှိတဲ့ ကလေးငယ်က ချစ်ရသူနားနေရဖို့ကိုတော့
ခေါင်းမာစွာ တောင်းဆိုသည်တဲ့လေ..။

"Daddy ပြန်နိုးလာမယ်မလား Candy ကိုလဲထားမသွားဘူးမလား ဒီနေ့ Daddy မွေးနေ့လေးမှာ ဆုတောင်းစကားတောင်
Candy မဆိုရသေးဘူး...
၁၂ မကျော်သေးခင် Daddy မွေးနေ့အတွက်
Candy ဆုတောင်းချင်တာက Daddy အမြန်ဆုံးပြန်နိုးလာဖို့ပဲ "

ကလေးငယ်လေးလဲ ပင်ပန်းနေလောက်ရောပေါ့..
ကြုံနေရတဲ့ အခက်အခဲ စိတ်ပင်ပန်းမှုတွေက
ကလေးငယ်ရဲ့ အရွယ်နဲ့ပင် မမျှဘဲကိုး...။
မျက်ရည်လက်စက်တို့ကျနေဆဲ
ကလေးငယ်က ချစ်ရသူလက်လေးကို
ပါးပြင်ထက်အပ်ကာ အတန်ကြာအောင်ငို
နေမိသည်..။

ကျေးဇူးပြုပြီးပြန်နိုးလာပေးပါ Daddy ...။

အမြဲသန်မာနေခဲ့သော..
သူ့ ရှေ့ဆို မားမားမတ်မတ်ရပ်တည်
ပေးခဲ့သော ချစ်ရသူက ခုများတော့
ကုတင်လေးထက်မှာ လှဲလို့ရယ် ...
ဖြူရော်ရော်နှုတ်ခမ်းတစ်စုံမှာလဲ
ခြောက်ကပ်ကပ်နှင့် အစိုဓာတ်ကင်းနေသည်..။

CANDY is MINE🔞Z+U{COMPLETED}Where stories live. Discover now