Zawgyi
Warning🚨🚨🚨
××××××××××××××××××××××××××××××××
တစ်ချိန်က ဂတိစကားတွေဟာ နားထဲ ပဲ့တင်သံ
ထပ်လို့...တစ်ချိန်တုန်းက ကလေးနှစ်ယောက်ပုံရိပ်
ကလဲ ဖြူစင်ဟန်အတိပင်...။"ငါ့မှာ သူငယ်ချင်းဆိုလို့ မင်းပဲရှိတာ...
ငါတို့တစ်သက်လုံးရန်မဖြစ်ဘဲ နေသွားရအောင်...""ငါမင်းအနားဘဲ အမြဲရှိနေမှာ ခေတ်ရဲ့.."
လက်သန်းသေးသေးလေးနှစ်ခုချိတ်ကာ ဂတိစကားဆိုခဲ့ကြတဲ့ ကလေးနှစ်ယောက်က
အင်မတန်ချစ်ဖို့ကောင်းပါရဲ့..။အဲ့အချိန်တွေက တကယ်ပျော်ဖို့ကောင်းခဲ့တာ
ခေတ်ရဲ့...။ငါချိတ်ခဲ့ဖူးတဲ့ လက်သန်းသေးသေး
လေးကလဲ တကယ်ကို ချစ်ဖို့ကောင်းခဲ့တာ...။......................................................................
"အား ဖြည်းဖြည်းထည့်ပါ...ကလေးရဲ့.."
ပြသနာတွေအကုန်ပြီးသွားပြီး တစ်ပတ်တောင်
ကြာလင့်ခဲ့ပြီ...။အခြေအနေတွေက အရမ်းမတည်ငြိမ်သေးပေမယ့် အနည်းငယ်တော့
အဆင်ပြေနေပြီထင်ပါရဲ့...။"ငြိမ်ငြိမ်နေပါ...မဟုတ်ရင် ပိုနာမှာ.."
ကလေးငယ်ရဲ့ လက်ရေးဝိုင်းဝိုင်းလေးနဲ့
ရေးထားတဲ့ စာလေးကို ဖတ်ပြီး ပြုံးမိသည်..။
ခုလိုလွှတ်လွှတ်လပ်လပ်မပြုံးမိခဲ့တာ..
နှစ်တော်တော်တောင်ကြာခဲ့ပြီ..။ဓားဒဏ်ရာကိုတစ်ပတ်တစ်ခါ ပတ်တီးဖြည်ပြီး
ဆေးထည့်ရမှာမို့ ကလေးငယ်က ဆေးထည့်ပေးနေသည်လေ..။"Candy "
ကလေးငယ်ကိုခေါ်လိုက်တော့ မျက်ဝန်းလှလှ
လေးတွေနဲ့ မော့ကြည့်လာသည်...။"ကိုယ့်ကို စိတ်မနာဘူးလား.."
ထိုမေးခွန်းအတွက် ကလေးငယ်မှာ
အဖြေရှိမရှိမသိပေမယ့် ကလေးငယ်က
မျက်လွှာချရင်း ဒဏ်ရာကိုသာ ဂရုစိုက်ဆေးထည်ပြီး ပတ်တီးပြန်စည်းပေးနေသည်...။"စိတ်နာတာပေါ့ ကျွန်တော့်ကို နာကျင်စေခဲ့တာပဲကို.."
သူရေးထားတဲ့စာလေးဖတ်ပြီးတော့
တစ်ခဏတော့ ဘာပြန်ပြောရမှန်းတောင် မသိတော့တာအမှန်ပင်...။
အင်းလေ ကလေးငယ်က စိတ်မနာဘူး
ပြောမှသာ လိမ်ရာကျမည်ပေါ့...။
YOU ARE READING
CANDY is MINE🔞Z+U{COMPLETED}
Romanceကိုယ့်ကိုထားပြီးဘယ်ကိုမှ ထွက်သွားဖို့မစဉ်းစားနဲ့ Candy မင်းကကိုယ့်အပိုင်မလို့ပဲ... လျံခေတ်မင်း အတ္တကြီးလွန်းတဲ့ခင်များကို ကျွန်တော်မုန်းတယ်...... ခင်များကကျွန်တော့်အတွက်တော့နတ်ဆိုးပဲ... ခတ...