Extra-2🚨🔞

16K 542 52
                                    

Zawgyi

Warning🚨🚨🚨

××××××××××××××××××××××××××××××××

"Daddy!!!! "

မနက်ခင်းစောစောမှာတင် ကလေးငယ်ရဲ့
ခပ်စူးစူးအသံလေးနှင့်အစပြုခဲ့ရပြီ..။
အတူနေလာပြီးတဲ့နောက်ပိုင်း..ကလေးငယ်အသံဟာပိုကျယ်လောင်လာသလား...။

ကုတင်ထက်မှာအိပ်မောကျနေရာမှ
ကလေးငယ်အသံကြောင့်လန့်ပါနိုးလာမိသည်..။

"လာပြီ Candy ရေ.."

ကလေးငယ်အသံကြားရာရေချိုးခန်းဆီသို့
အမြန်အပြေးလာလိုက်သည်...။

"ဘာလဲ Candy "

"ဒီမှာကြည့် ကျွန်တော်ဘယ်နှစ်ခါပြောထားလဲ
အတွင်းခံတွေနဲ့ အဝတ်တွေကိုရောမလျော်ပါနဲ့လို့ ပျင်းရင်ထားခဲ့ ကျွန်တော်လျော်ပေးမယ်ဆိုတာကို တစ်ခါလာလဲ ရောလျော်တယ် နှစ်ခါလာလဲရောလျော်တယ် ကျွန်တော် မကြိုက်
ဘူး ပြောထားတာကို အတွင်းခံလေးတောင်
ကိုယ့်ဘာသာမလျော်ဘဲ စက်ကိုအားကိုးနေတယ်
ကြည့် အဝတ်တွေအကုန်ပြန်လျော်ရတော့မယ်..
ဒီရောထားတဲ့အဝတ်တွေအကုန်လုံး
သေချာလက်နဲ့ပြန်လျော် မပြီးမချင်းမထွက်လာနဲ့
ရော့..."

"ဟာ Candy မလုပ်ပါနဲ့ ကိုယ်အဝတ်လျော်ရမှာ
ပျင်းတာလဲသိသားနဲ့ ကိုယ်တို့အိမ်ဖော်ခေါ်လိုက်ရင်ရတာပဲ "

"လာပြန်ပြီ ပြောတော့နှစ်ယောက်ထဲနေချင်တာပါဆို
ဘယ်သူမှအိမ်မှာမထားဘူးဆို ကြီးမြကိုတောင်
အနားယူပါတော့ဆိုပြီး ရွာပြန်လွှတ်ပြီးပြီမလား
ခုမှဘာတွေခေါ်ချင်နေတာလဲ မရဘူး မခေါ်ဘူး
လျော်ထား ကျွန်တော် မနက်စာသွားလုပ်ဦးမယ်
မပြီးမချင်း မနက်စာလဲလာမစားနဲ့ "

~ဂျိန်း~

ခေတ်လိုက်သွားမည်ကြံကာမှတံခါးပါ
ဆောင့်ပိတ်သွားသေးသည်...။

ဟူး....Candy မကြိုက်တာကိုလုပ်မိတော့လဲ
လျော်ပေဦးတော့ ..လျံခေတ်မင်းရေ...
တံခါးဘက်ဆီမှပြန်လှည့်လာကာ အဝတ်တွေကို
ကြည့်မိတော့ မနည်းမနော.. နဂိုကတည်းက
အဝတ်လျော်ပျင်းသူကို အပုံလိုက်ပင် လျော်ခိုင်း
သွားသည်တဲ့လား...။

"အော် ဘဝဘဝ အပြောင်းအလဲမြန်ချင်တော့လဲ
လူတိုင်းကြောက်ရတဲ့ ဂိုဏ်းခေါင်းဆောင်ကြီးတောင်
အဝတ်လျော်နေရပါလား...ကဲ လျော်ပေဦးတော့
ခေတ်ရေ မင်းထိုက်နဲ့မင်းကံပဲ..."

CANDY is MINE🔞Z+U{COMPLETED}Where stories live. Discover now