Part-30🚨🔞

16K 568 20
                                    

Zawgyi

Warning🚨🚨🚨

××××××××××××××××××××××××××××××××

ဘယ်လောက်ပဲဆေးမိပြီး သည်းမခံနိုင်ပါစေ
မင်းမဟုတ်တဲ့ တစ်ခြားတစ်ယောက်ဆီကတော့
ကိုယ်အကူအညီမယူဘူး....။
မင်းမဟုတ်ရင် မင်းမှမဟုတ်ရင်...။

ခံရခက်လွန်းလို့ချွေးသီးချွေးပေါက်တွေ
တစ်ကိုယ်လုံးစီးကျလုပြီ...။
တစ်ဖြည်းဖြည်း ပေါက်ထွက်မတတ်
ဖုဖောင်းလာတဲ့ ထိုအရာမှာလဲ လက်နှင့်ပင်
မဖြေသာတော့...။

ပူလောင်စွာခံစားနေရတဲ့ ခန္ဓာကိုယ်ဟာလဲ
ဗလောင်ဆူနေကာ ပေါက်ကွဲလုနီးနီး...။

မဖြေသာလွန်းတဲ့ စိတ်တို့ကြောင့် ရင်အစုံမှာ
အင်မတန်ပူလောင်ပါရဲ့...။
မူမမှန်တော့တဲ့ အသက်ရူနှုန်းတွေက
ကလေးငယ်နဲ့တွေ့မှသာ ပြန်မှန်မည်လား...။

"အာ့..Candy "

နီရဲနေတဲ့မျက်နှာထက်ကအသား​တွေဟာလဲ
ကျစ်ကျစ်တောက်ပူနေရှာရော့...။

"ခေါင်းဆောင် ရရဲ့လား "

"အင်း ဟူး မြန် မြန် သာမောင်း "

ခေါင်းဆောင်တစ်ယောက်ရဲ့ပုံစံကို
မထိန်းနိုင်တော့လောက်အောင်ပဲ..
ဆေးအရှိန်ပြင်းထန်လွန်းသည်...။

ဥာဏ်လဲစိတ်ရှိသလောက်အမြန်မောင်းပေမယ့်
စိတ်ကလောတော့ ထင်သလောက် ခရီးမသွင်..။
သို့ပေမယ့်လဲ မောင်းရင်းနဲ့တော့ စံအိမ်ကြီးဆီ
ရောက်လာလေပြီ...။

ခြံတံခါးကိုလဲ ကိုယ်တိုင်ဖွင့်ပြီးသာ ဥာဏ်ပိုင်
မောင်းဝင်လာလိုက်သည်...။
အိမ်ရှေ့ရောက်တာနဲ့ သခင်လေးနဲ့အတူ
ရဝေပါထွက်လာသည်..။ ခေါင်းဆောင်က
လမ်းပင်သေချာမလျှောက်နိုင်တာမို့
ကားနောက်ခန်းဆီက ခေါင်းဆောင်ကို
တွဲခေါ်လိုက်သည်..။

"ကိုဥာဏ် ခေါင်းဆောင်ဘာဖြစ်တာလဲ "

"နောက်မှမေး ခေါင်းဆောင်ကိုကူတွဲပေး "

"Daddy ဘာဖြစ်လာတာလဲ "

ဥာဏ်ပိုင်နဲ့ရဝေလဲ ခေတ်ကိုအိပ်ခန်းထဲ
တွဲခေါ်လာပြီးကုတင်ပေါ်ချပေးလိုက်သည်..။

"သခင်လေး ခေါင်းဆောင်ကို ကူညီပေးလိုက်ပါ
သူဆေးမိလာတယ် "

CANDY is MINE🔞Z+U{COMPLETED}Where stories live. Discover now