Part-34

7.4K 471 40
                                    

Zawgyi

××××××××××××××××××××××××××××××××

အဖြစ်အပျက်တွေကပဲမြန်ဆန်လွန်း
နေတာလား...မပြီးဆုံးနိုင်သော
အဖြစ်အပျက်တွေကပဲ လက်ကမ်းကြိုနေသည်လား...။

ယောင်ဝါးဝါးလမ်းမကြီးထက်မှာ..
ကောင်လေးတစ်ယောက် ကူကယ်ရာမဲ့နေတယ်
မည်သူကမှ လက်ကမ်းခြင်းမရှိ...
မည်သူကမှ အရေးလုပ်ခြင်းမရှိ...

ဗလောင်ဆူနေသောနှလုံးသားမှာ
သွေးတို့ပွက်လုပြီ...။

ကောင်လေးရဲ့နံဘေးကနေ အသိမပေးဘဲ
ဖြတ်တိုက်သွားတဲ့ လေညှင်းလေးက...
အေးချမ်းမှုကို မယူဆောင်နိုင်တော့...။

တစ်ခဏလေးအတွင်း ဘာတွေဖြစ်ပျက်သွားမှန်း
မသိအောင် ကံတရားကြိုးဆွဲချက်က
ဟာကွက်မရှိဘဲရက်စက်စွာ လှပလွန်းတယ်...။

"ခေတ် !!"

"Daddy!!!"

သစ္စာဖောက်သောသေနတ်သံကြားရပြီးနောက်
ထိပ်လန့်နေသော လူနှစ်ယောက်အသံက
ဇာတ်တိုက်ထားသလား မေးရလောက်အောင်
ထပ်တူကျနေတယ်..။

"Daddy Daddy!! "

ကလေးငယ်ရဲ့ကိုယ်ပေါ်ပြိုလဲလာတဲ့
Daddy ကိုမယိုင်လဲစေရန် ထိန်းဖက်ထားမိ
သည်...။
လက်နှင့်စမ်းမိသော နောက်ကျောက
စေးကပ်ကပ်အရာဟာ သွေးတွေများလား...။

မဟုတ်ပါစေနဲ့လို့ ဆုတောင်ပြီး လက်ဖဝါးလေးကို
မြောက်ကြည့်တော့ လက်ဖြူဖြူလေးမှာ
သွေးတို့စွန်းထင်းနေသည်...။

"Daddy Daddy "

ကလေးငယ်ရဲ့ ချစ်ရသူကို ကလေးငယ်ရဲ့
ချစ်ရသောအစ်မက နာကျင်စေသည်ဆိုသော
အသိဟာ နှလုံးသားထဲမှာ သံမှိုရိုက်လိုက်သလို
မီးစနှင့်ထိုးသလို နာကျင်လွန်းလှသည်...။

နှလုံးသားကလက်မခံချင်ပေမယ့်
အသိပေးနေသော ဦးနှောက်ကြောင့်
မမကို နာကျည်းစွာတစ်ချက်ကြည့်လိုက်မိသည်..။

"Candy ဘာဖြစ်သွားသေးလဲ "

သေနတ်ထိထားသော သူ့ကိုယ်သူထက်
ကျွန်တော့်ကိုပိုစိတ်ပူနေသည်လား...။

"Candy ဘာမှမဖြစ်တာမို့ စိတ်မပူပါနဲ့
Daddy သာ ဘာမှမဖြစ်ရဘူးနော် အင့် Daddy နော် "

CANDY is MINE🔞Z+U{COMPLETED}Where stories live. Discover now