Part-3🚨

38K 1.4K 55
                                    

Zawgyi

Warning🚨🚨🚨

××××××××××××××××××××××××××××××××

ညဘက်မှာတော့ ကောင်လေးရဲ့
ခြေထောက်ဟာကျောက်ပတ်တီးလေး
စီးလျက်သားရှိနေသည်...။

ကောင်လေးရဲ့ခြေထောက်က အရိုးကို
ထိပြီး အရိုးအတော်လေးအက်သွားပေမယ့် မကျိုးသွားတာမို့ ပြန်ကောင်းနိုင်တဲ့ အနေအထားမှာရှိသည်...။
သို့ပေမယ့် အကောင်းတိုင်းပြန်ကောင်းဖို့က
တစ်နှစ်လောက်မှ ပြန်ကောင်းနိုင်မည်...။
ဒါတောင်လမ်းသေချာ လျှောက်နိုင်ဦးမလား
မှန်းဆရခက်တဲ့အခြေအနေမှာပင်...။

ခတံခွန်တစ်ယောက် အဖျား​ကြောင့်
ကုတင်ထက်မှာအိပ်မောကျနေ
သည်..။လက်မှာလဲ အပ်ပေါက်ရာလေးနှင့်
ဆေးသွင်းထားဟန်တူသည် ..။
ဘေးနားမှာလဲ ရက်စက်လွန်းတယ်ထင်ရတဲ့
လူကြီးက သူချစ်ရတဲ့ကလေးကို
ရင်ခွင်ထဲပိုက်ကာအိပ်မောကျနေသည်...။

ညဘက်ရောက်လာသည်မို့
ကောင်လေးရဲ့ခြေထောက်ကအနာရှိန်ကြောင့်
အနှီကောင်လေးငြီးတွားလေပြီ...။

"ဟင်း ဟင်းး အင်း "

ရင်ခွင်ထဲမှာထွေးပိုက်ထားတဲ့ ကောင်လေး
လှုပ်လှုပ် လှုပ်လှုပ် ဖြစ်လာသည်မို့
လျံခေတ်မင်း နိုးလာသည်...။

ကောင်လေးရဲ့ နဖူးထက်ကို လက်တင်ကာ
ဆန်းကြည့်တော့ ကိုယ်တွေပူကျစ်နေသည်...။

သူလဲအမြန်ထကာ ရေပတ်တိုက်ရန်ပြင်ပြီး
ထိုကောင်လေးကိုရေပတ်တိုက်ပေးသည်...။
တော်တော်နဲ့အပူချိန်ကမကျလာပေ...။
လျံခေတ်မင်း လဲစိတ်ရှည်ရှည်နှင့် ပုဝါလေးကို
ရေစွတ်လိုက် တိုက်ပေးလိုက် လုပ်ပေးနေသည်မို့
ကိုယ်ပူတော့အနည်းငယ်ကျသွားသည်....။

ဒါပေမယ့်ခုလိုဖြစ်နေတာကိုပင်
သူကျေနပ်လှသည်...။အခုလိုသာမဖြစ်ခဲ့ရင်
သူ့ကလေးကို ပြုစုခွင့်ရမည်မဟုတ်ချေ...။

Candy လေးကိုအကောင်းဆုံးတွေသာ
ပေးပြီး အကောင်းဆုံးဂရုစိုက်ပေးချင်ပေမယ့်
ထိုကောင်လေးကတော့ သူ့နားကထွက်သွားဖို့သာစဉ်းစားနေသည်..။
သူ့ကိုသာအမုန်းကြီးမုန်းနေသည်..။

ကိုယ်ချစ်ရတဲ့သူကို ပိုင်ဆိုင်ဖို့ကြိုးစားမိတာက
ဒီလောက်တောင်ပဲမှားနေသလား...။

CANDY is MINE🔞Z+U{COMPLETED}Where stories live. Discover now