Part 67(unicode)

6.6K 1.5K 349
                                    

Chapter 67;

ကျန်ချန်သည် သူ့ကိုမော့ကြည့်ပြီး မျက်နှာမဲ့ သွား၏။
"မင်းက ... မထိုးချင်ဘူးလား?။"

ကုဖေး အမြန်ပြန်ဖြေလိုက်သည်။
"မဟုတ်ဘူး။ "

သူဆန္ဒမရှိတာမဟုတ်ပေ။သူစိမ်းတစ်ယောက်
ရဲ့ အရေပြားတွင် သွားကိုက်ရာအမှတ်အသား
ချန်ခဲ့ပြီး၊ထိုအမှတ်အသားပေါ်တွင်တက်တူးထိုး
သည့် လုပ်ရပ်သည် ကျန်ချန် လုပ်လေ့လုပ်ထရှိ
သည့်ပုံစံမဟုတ်သော်လည်း ၊ကျန်ချန်ကဆန္ဒရှိ
လျှင် သူ့အတွက်လည်းပြသာနာမှ မရှိပေ။

တက်တူးဆိုသည့် အမှတ်အသားမျိုးကတခြား
သောအရာများနှင့်မတူညီပေ။ ထိုကိစ္စသည်လူ
တစ်ယောက်၏ခန္ဓာကိုယ်ပေါ်မှာအခြားသူတစ်ယောက်ရဲ့အမှတ်အသားကို ချန်ခဲ့ခြင်းဖြစ်၏။
အနာဂတ်တွင်ထိုအမှတ်အသားကိုပြန်ဖျက်နိုင်
ပေမယ့် tattooအရိပ်အယောင်တစ်စိုးတစ်စိမျှ
မကျန်ခဲ့ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်​ေပ။

အကယ်၍ သူတို့ခွဲခွာရမည့် တစ်ရက်ရက်ကို ရောက်လာခဲ့လျှင် တက်တူးကိုဘယ်လိုလုပ်
မလဲ!!

ကျန်ချန်ကထိုအချက်ကိုဘယ်တုန်းကမှ ထည့်
သွင်းမစဥ်းစားခဲ့တာလည်း ဖြစ်နိုင်၏။

သူတို့နှစ်ယောက်အတူရှိခဲ့သည့်အချိန်တွေဟာ အတိတ်တွင် တိုတောင်းလှသည့် အချိန်ကာလ
တစ်ခုအနေနှင့်ကျန်ရစ်နေခဲ့မည်ဖြစ်ပေမယ့် ၊
တက်တူးသည် သေရာပါအမှတ်အသားအနေ
နှင့်သင့်ကိုယ်ပေါ်တွင်ချန်ရစ်ခဲ့လိမ့်မည်။ ကျန်
ချန်က ထိုကဲ့သို့သော အကြောင်းအရာတွေကို
တစ်ခါမျှ မတွေးခဲ့တာလည်းဖြစ်နိုင်သည်။

ကျန်ချန်က သူ့ကိုစိုက်ကြည့်နေ၏။
"ဒါဆို မင်း ဘာလို့ ဒီလောက်ထိအချိန်ယူပြီး
စဥ်းစားနေတာလဲ ?။"

"ငါ တွေးနေတာ,"
ကုဖေး ခဏတုံ့ဆိုင်းသွား၏။
"အဲ့ကိစ္စက နည်းနည်းကြောင်တောင်တောင်နိုင်
သလိုပဲ။"

"ငါမင်းမျက်နှာကိုမကိုက်ဖူးတာလည်းမဟုတ်ဘူး။ သူများ မမြင်နိုင်တဲ့ တစ်နေနေရာမှာ ထိုးမှာ။ ငါတို့ပဲ...."
ကျန်ချန်သည်စကားတန်းလန်းနှင့်ရပ်တန့်သွားပြီး မျက်ခုံးအစုံကတွန့်ကွေးလာ၏။သူအကြာကြီး
တွေးနေပြီးနောက်တွင် ရယ်သွမ်းသွေးလာသည်။
"ဟုတ်တယ်...နည်းနည်းကြောင်တောင်တောင်နိုင်တယ်လို့ထင်တယ်။"

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now