အ၀ါရောင်ထမင်းဗူးလေးကို ဆရာ့ရုံးခန်းထဲ ခိုးကြောင်ခိုးဝှက်ထားပြီး ပြန်ထွက်လာသော ကံမကောင်းစွာပဲ တံခါးဝမှာ တွေ့တော့သည် ! ဆရာက ကျွန်တော့်ကို ခက်ထန်စွာကြည့်တယ် သူအလိုမကျဘူး !! ကြည့်ရတာ ဒီလုပ်ရပ်ကမှားသွားပြီလား ?? ဆရာရိပ်မိသွားပြီလား ??
" ဘာလာလုပ်တာလဲ "
" ဟိုနေ့က ဆရာထမင်းကျွေးတယ်ဆိုပြီး omma ကိုပြောပြတော့ အိမ်ကထည့်ပေးလိုက်တာ ဆရာ့အတွက် "
" ဟိုထမင်းဗူးလာပေးတာလား ? "
" ဟုတ်ကဲ့ ဆရာကိုမတွေ့တာနဲ့ အဲ့ဒါရုံးခန်းထဲထားခဲ့မလို့ "
" အဒေါ်ကိုပြောလိုက်ဦး ကျေးဇူးတင်ပါတယ်လို့ "
" ဟုတ်ကဲ့ ဆရာ ပြောပေးပါ့မယ် ဒါဆိုကျွန်တော်သွားတော့မယ်နော် "
" ညနေအချိန်ပိုစောစောလာခဲ့ "
" ဟုတ်ကဲ့ဆရာ "
Kyungsoo တစ်ယောက်ရုံးခန်းထဲကကဗျာ ကယာထွက်လာခဲ့ကာ သူ့ရဲ့တုန်ရီနေကာ လှုပ်ရှားနေသော နှလုံးခုန်သံကို ဖိနှိပ်ရင်း စာသင်ခန်းဘက်ကိုပြန်လျှောက်လာခဲ့တယ် သူ့ပုံစံဟာ အချစ်ကိုစတွေ့တဲ့ကောင်မလေးတစ်ယောက်လိုပြာယာခက်နေပြီး သူ့ကိုယ်သူဘာဖြစ်နေမှန်းမသိဘူး !! ညနေ အချိန်ပိုအချိန်ရောက်လာတော့ ဘာစိတ်ကူးပေါက်မှန်းမသိ ဘယ်တုန်းကမှ အ၀တ်အစားမလှဲဘူးသော Kyungsoo က အပြင်အ၀တ်အစား ခပ်လွင်လွင်လေးဝတ်ကာ ရောက်လာခဲ့သည် ! ဖြူဖွေးနေသော အသားအရေလေးနဲ့အဖြူရောင် TShirt ဟာ ပနံသင့်လှပြီး ဆံပင်ပွယောက်ယောင်းက သူအလျှင်အမြန်ပြေးလာမှန်းသိသာစေတယ် အခန်းထဲဘယ်သူမှမရောက်သေးပေမဲ့ Chanyeol ကတော့ ကျောင်းသားတွေရဲ့ စားပွဲခုံ တစ်နည်းအားဖြင့် Kyungsoo ထိုင်နေကျခုံရဲ့ဘေးနားမှာထိုင်ပြီး အိမ်စာစစ်နေခဲ့သည်…
မထိတွေ့ရင်တောင် အချစ်ဟာတွေ့လိုက်တာနဲ့နွေးထွေးသွားစေတယ် တဲ့ !! ကျွန်တော် အသက်အောင့်ပြီး ထိုင်နေကျခုံလေးဝင်ထိုင်လိုက်သည်
ဆရာက ကျွန်တော့်ကိုမျက်ခုံးပင့်ကာ လှည့်ကြည့်ပြီး သူ့စာအုပ်တွေကိုပြန်ဂရုစိုက်နေခဲ့သည် !! ဒါများ ဘာလို့စောစောလာလို့ပြောတာလဲလို့ :/