မိုးရေတွေစိုကာ အေးစက်နေသော ကောင်လေးက အခုတော့ မျက်ရည်တွေကြောင့် ပူနွေးနေသလိုပါပဲ ။ Chanyeol အရမ်းဒေါသထွက်ပေမဲ့ အခုလိုမြင်ရတော့လည်း သူစိတ်မကောင်းပါ ကားအနောက်ခန်းက အနွေးထည် coatကို Kyungsoo ဘက်ကိုပစ်ပေးလိုက်သည် ။
" ငိုမနေနဲ့ မနက်ဖြန်မသွားရဘူး "
" မရပါဘူးဆို အီးးးးးးဟီးးးးး မရဘူး မရဘူး လစာလိုချင်တယ် "
" ကျစ် * ငါပေးမယ် ထပ်ပြောရင် မင်းအမေကိုအခုအကြောင်းပြောလိုက်မယ်နော် *
" ပြောလိုက်ဗျာ ဒီလိုမှန်းသိရင်ဆရာ့ကိုမခေါ်ဘူး ဆရာကအမြဲတမ်းအဲ့လိုပဲ မုန်းတယ်"
" မုန်းကွာ စိတ်ကြိုက်မုန်း မနက်ဖြန်သွားတာနဲ့ ငါ့အဆိုးမဆိုနဲ့ "
Kyungsoo စိတ်ညစ်လွန်းလို့ အော်ဟစ်ကာ ငိုပစ်လိုက်သည် ။ တကယ်လည်း စိတ်ပင်ပန်းလွန်းတယ် သူတစ်လလုံး ဒုက္ခခံထားတာကို လွှင့်ပစ်ခိုင်းတဲ့အပြင် Jongin ပေးတဲ့အလုပ်လည်းမလုပ်ရဘူးဆိုတော့ တက္ကသိုလ်ဘယ်လိုတက်လို့ရမလဲ ? အရမ်းမုန်းဖို့ကောင်းတယ် ။ Chanyeol ကတော့ နားညည်းညည်းဖြင့် ကားသာဂရုစိုက်မောင်းလိုက်ပြီး Kyungsoo တို့တိုက်ကိုလိုက်ပို့ပေးသည် ။ Kyungsoo တစ်ယောက် အနက်ရောင် Coat ကြီးခြုံလျက် သူ့အိမ်နားရောက်တဲ့အထိ မျက်ရည်များ၀ဲတုန်း ။
" ဒီလိုကြောင်ချီးရုပ်နဲ့ အိမ်ထဲ၀င်မလို့လား ? "
" ဆရာနဲ့မနေချင်ဘူး "
" ငါလည်းမင်းနဲ့မနေချင်ပါဘူး သွားတော့ "
" မုန်းတယ် မုန်းတယ်လို့ "
" မုန်းကွာ "
Kyungsoo သူ့ကိုယ်ပေါ်က coat ကိုChanyeol ဘက်လွှင့်ပစ်လိုက်ပြီး တဆောင့်ဆောင့်ဖြင့် အပြင်ကိုဆင်းသွားတော့သည် ။Chanyeol ကတော့ ခပ်ဖွဖွလေးပြုံးလျက် ကောင်လေး တိုက်ထဲ၀င်သွားတဲ့အထိ အနောက်ကနေလှမ်းကြည့်နေတယ် ။ နောက်တော့ သူ့ဖုန်းကိုထုတ်ကာ Message ပို့လိုက်တယ် ။
* နွေးနွေးထွေးထွေးနေ အအေးမပတ်စေနဲ့ မနက်ဖြန်လာကြည့်မယ် *
* လာမကြည့်နဲ့ *
Kyungsoo ဖုန်းကိုဆောင့်ပိတ်ပစ်လိုက်သည် ။ အမြင်ကပ်လိုက်တာမှပြောမနေနဲ့ သူ့ကိုဆိုအမြဲတမ်း ဆရာကြီးက အမိန့်ပဲပေးနေတာ မုန်းစရာကောင်းလွန်းတာမှ ။