Ep - 39

144 20 1
                                    

ဒီလူကို ချစ်ပါတယ်လို့ နှလုံးသားက တစာစာအော်နေရင်တောင် ကျွန်တော်ဆီမှာ ဒီလူနဲ့ပြန်၍ အစားထိုးရင်တောင် ပြန်မကောင်းနိုင်တော့တဲ့ ဒဏ်ရာတွေရှိသည် ။ မင်္ဂလာမဆောင်ခင် တစ်ရက်အလိုမှာ Kyungsoo ဟာ တစ်ညလုံးမအိပ်ပဲ သူ့ဆုံးဖြတ်ချက်ဟာ မှန်ကန်ရဲ့လားလို့ အထပ်ထပ်တွေးနေခဲ့သည် ။

Jongin နေရာမှာ ဆရာသာဆို သူ့စိတ်တွေဟာ မည်သို့ဖြစ်နေမလဲဆိုတဲ့ အချက်က သိပ်ကိုတုန်လှုပ်စေပါသည်။ ဆရာရဲ့အချစ်အပေါ် ယုံကြည်မှုမရှိတော့တဲ့ သူဟာ ထိုလူကိုပိုင်ဆိုင်ရလျှင်တောင် ပျော်ရွှင်ပါ့မလား ? ထို့အတူ အရင်လို အလားတူဖြစ်ရပ်မျိုးဖြစ်လာရင်လည်း ဆရာအတွက် သူဟာ ပထမရွေးချယ်မှုမျိုးဖြစ်မလာနိုင်လောက်ပါ။ အချစ်တွေရင်းပြီးနောက်မှာ ဆရာ့အတွက် သူ့ခံစားမှုတွေဟာ ကြောက်ရွံ့ထိတ်လန့်ခြင်းတွေနဲ့ မယုံကြည်ခြင်းတွေသာ ပြည့်နေပြန်သည် ။ ထိုလူဟာ သူ့အတွက် အပြည့်အ၀ စိတ်ချလုံခြုံမှု မပေးနိုင်တော့ပါ ....

ဆရာ့အပေါ်မှာ အခုထိရှိနေသေးသော လက်ကျန် အချစ်တွေကို Jongin ကပဲ ဖြေသိမ့်ပေးနိုင်ဖို့ မျော်လင့်ပါသည် ။ သူသည်လည်း ကိုယ့်ရဲ့လက်တွဲဖော်ဖြစ်လာမယ်လူကို သူကတော့ ငါ့ကိုဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်ဘူးဆိုတဲ့ ယုံကြည်မှုလေး ရချင်၏ ။ တစ်ချိန်တော့လည်း ဆရာ့ကို မေ့သွားပါလိမ့်မည် ။။။ အကြောင်းပြချက်မတူညီသော လူနှစ်ယောက်ရဲ့ ရေစက်ကို ဒီညနောက်ဆုံးပဲ ထားပါတော့ ....

ဆရာ့အနေနဲ့ မည်သို့ပဲ ကျွန်တော့်အပေါ်တွေးပါစေ ။ ကျွန်တော်ပေးခဲ့သော အချစ်ဟာ တစ်ဦးဆိုင်နာမ်ဖြစ်တဲ့အတွက် နောင်တရလိမ့်မည်မဟုတ်တော့ .... ဘယ်လိုမှ ညှိယူလို့မရတဲ့ အခြေအနေမှာ ကျွန်တော်လည်း မေ့ပစ်ဖို့ စတင်တော့ပါမည် ။ အချစ်ဦးကိုလွဲခဲ့ပေမဲ့ ကျွန်တော့်ဘ၀အတွက် နောက်ဆုံးသော အိမ်မက်တစ်ခုကိုတော့ လက်မလျော့လိုတော့ပါ ။

************************

​​ခမ်းနား​လှ​ေသာ လက်ထပ်ပွဲ တစ်ခုပြီးဆုံးသွားတဲ့​ေနာက်မှာ Kyungsoo တို့နှစ်ယောက်သားက သူတို့ပွဲလုပ်တဲ့ Hotel ကနေတန်းပြီး ဟန်းနီးမွန်း သွားရန်အတွက် Hotel အခန်းတစ်ခုထဲ၌ အ၀တ်အစားလဲကာ ထည့်ရမယ့် ပစ္စည်းများကို စစ်ဆေးပြီး Jongin က သူ့အတွင်းရေးမှူးကို ထိုခရီးဆောင်အိတ်များနှင့် ပစ္စည်းတစ်ချို့ကို ကားထဲထည့်ခိုင်းလိုက်သည် ။ အစကတော့ အလောတကြီးမသွားပဲ Kyungsoo မိဘနဲ့ Jongin မိဘတွေကို ကန်တော့ပြီးမှ သွားမယ်လုပ်ထားသော်လည်း Jongin မနက်က ကြားလိုက်ရသော သတင်းကြောင့် သူ့အနေဖြင့် Kyungsoo ကို Korea မှာ စက္ကန့်တောင် မနေစေချင်တော့ပါ ။

Secret MonsterWhere stories live. Discover now