Ep - 30

194 31 13
                                    

" မင်းနဲ့ Jongin အခြေအနေဘယ်လိုလဲ ? "

ဆရာနဲ့ သူ့အကြောင်းကိုဘာမှမသိသော sehun က ထိုစကားကိုပြောသည် ။ လူတွေအမြင်မှာ Jongin နဲ့ သူက တွဲနေတဲ့လူတွေအတိုင်းဖြစ်နေပြီလား ?

" မင်းတကယ်လို့ သဘောမကျရင်လည်း အဲ့ကောင်ကို အပျက်ငြင်းလိုက်လေကွာ အခုတော့ အဲ့ကောင်က သူနဲ့ပေးစားတဲ့ မိန်းမကို မယူနိုင်ဘူးဆိုပြီး ပြသနာတက်နေတယ် "

တကယ်တော့ သူအခေါက်ပေါင်းများစွာ ငြင်းဆိုပြီးသားဖြစ်သလို သူ့လိုလူတစ်ယောက်က Jongin ကို ဆွဲထားရအောင်လည်း ထိုက်တန်မည်မဟုတ်ပါ။ သူ့ဆီက မြင်တွေ့ရသော အချစ်ဟာ အရမ်းကိုတုန်လှုပ်ဖို့ကောင်းတယ် တစ်ခါတစ်လေတွေးမိပါတယ် ငါသာ ဆရာကအဆုံးအထိ ပစ်ပစ်ခါခါငြင်းနေပြီး အခြားတစ်ယောက်ရင်ခွင်ထဲမှာ ပျော်နေပါက Jongin လိုမျိုး ဆက်၍ ချစ်နိုင်ပါဦးမလား ?? မဖြစ်နိုင် ... ဒါကို သူလိုအပစ်ရှိတဲ့လူက Jongin ကို ဘယ်လိုမျက်နှာနဲ့ ဆွဲထားနိုင်မှာတဲ့လည်း ....

Kyungsoo ခပ်တွေတွေဖြင့်သာ အရှေ့က အေးစက်နေသောကော်ဖီကိုသာ သောက်နေမိသည် ။ Sehun မျက်လုံးထဲ မြင်ရသော သူ့အားစိတ်ပျက်နေသော အကြည့်များကို မမြင်ချင်ယောင်ရင်း ရင်ထဲ၌ တဆစ်ဆစ်နာကျင်လာတယ် ။ Sehun သာ ဆရာနဲ့ သူ့အကြောင်း သိပါက အခုလိုမျိုး သူ့အရှေ့မှာ ထိုင်နေစရာ အကြောင်းတောင်ရှိတော့မည်မဟုတ်ပါ ။။။ သူငယ်ချင်းတွေအမြင်မှာ သူဟာ Jongin လို လူတစ်ယောက်ကို လက်မခံနိုင်တဲ့ ဘ၀င်မြင့်နေတဲ့လူတစ်ယောက်သာ ဖြစ်သည် ။ တကယ်တော့ သူ့အတွေးတွေအား ဘယ်သူက သိမှာတဲ့လဲ ?

" ဒါနဲ့ ငါတို့မင်္ဂလာဆောင်တုန်းက baekhyun ရဲ့ English ဆရာကိုတွေ့လိုက်တယ်မှတ်လား ? အဲ့ဆရာက အခု ငါ့မိန်းမိန်းရဲ့ အမနဲ့ယူထားတာတဲ့ အဲ့တုန်းက ငါက Korea မှာမရှိတာနဲ့ suho အမမင်္ဂလာပွဲကိုမသွားရဘူး အဲ့ဆရာဖြစ်လိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ ??? ဟားးးးးး ငါအတော်အံ့သြသွားတာကွာ အဲ့ဆရာက လူရွေးတော်သားပဲ အမ Minhee က အရမ်းတော်တာနော် "

လူတိုင်းဆီက သူမ၏ ကောင်းကြောင်းတွေပဲကြားရသော သူ့အတွက်တော့ စိတ်ပျက်စရာကောင်းလွန်းပါတယ် ။ သို့သော်လည်း အမှန်တကယ်ကို သူမကတော်လွန်းပါတယ် ယောကျ်ားဖြစ်သူ ဖောက်ပြန်နေမှန်းသိသိရက်နဲ့ ပညာသားပါပါဖြေရှင်းနေတဲ့ ပုံစံက သူမဟာ ဆရာ့ရဲ့ ပစ်ချက်တွေကို လူတွေအလည်မှာ အရှက်ရမှာစိုးလို့ အတင်းဖုံးဖိနေရတာဖြစ်သည် ။ ဆရာလိုချင်တဲ့အတိုင်း သိက္ခာတရားကို အဖက်ဆယ်ပေးနေတာပေါ့ ။

Secret MonsterWhere stories live. Discover now