Ep - 44

163 17 0
                                    

အစကနေအဆုံးအထိ ပြန်လည်ပြင်ဆင် ခွင့်ရမယ်ဆိုလျှင် ဂျာမနီလည်းသွားခဲ့မှာမဟုတ်ဘူး ။ ထို့အတူ သတ္တိမရှိတဲ့ ငတုံးတစ်ယောက်အဖြစ်ကုန်ဆုံးဖြစ်မှာလည်း မဟုတ်ပါဘူး ။ ကျွန်တော်တို့ရဲ့ လောဘတွေနဲ့ သတ္တိမရှိမှုတွေကြားမှာ အတူပျိုးထောင်ခဲ့သော မြေစာပင်နှလုံးသားတွေ သေဆုံးသွားခဲ့ပြီ ။ ၀န်ခံပါတယ် .... ကျွန်တော်ကမ္ဘာဟာ ခင်များမရှိတော့ထဲက ဗလာသက်သက် နဲ့ အပေါ်ယံ အရောင်ဆိုးမှုတွေပဲ ကျန်ခဲ့တော့တယ် ။ ဒါပေမဲ့ အဲ့ကမ္ဘာထဲဆီ ခင်များကို ခေါ်မသွင်းချင်တော့ဘူး ။

Kyungsoo တစ်ယောက် တစ်နေ့တာကို သူတစ်ယောက်ထဲကုန်ဆုံးပြီး ညနေရုံးဆင်းချိန်ရောက်မှ Jongin company ကိုသွားခဲ့သည် ။ Jongin ကတော့ သိသော်လည်း Kyungsoo ဘယ်သွားခဲ့လည်းတော့မမေးခဲ့ပါ ။ သူ့ထံပါး ဒီလူမွန်းကျပ်စွာ ထွက်သွားဖို့ ခွင့်မပြုနိုင်ပေ ။ လက်ထပ်ပြီးထဲက Kyungsoo ပျော်ရွှင်ဖို့အတွက် သူအကောင်းဆုံးဖြည့်စည်းပေးခဲ့တယ် ။ ဒါပေမဲ့ အမြဲတမ်းပျော်ရွှင်နေတယ်ပြောတတ်သော ကောင်လေးရဲ့ မျက်၀န်းတွေကိုတော့ မကြည့်ရဲခဲ့ပါ ။

" ကိုယ်တို့အရင်ဆုံး ပန်းစည်းဆိုင်သွားရအောင်မင်းအတွက် မှာထားတယ် "

" ပန်းလား ? ဘာနေ့မို့လို့လဲ "

" မင်းနဲ့အတူရှိတဲ့နေ့ရက်တိုင်းက ကိုယ့်အတွက် အမှတ်တရနေ့တွေကြီးပဲလေ Kyungsoo ငါအခုထိမယုံနိုင်သေးဘူးဆိုရင် ပိုတယ်ဖြစ်နေလိမ့်မယ် ဒါပေမဲ့ မင်းကငါ့အပိုင်ဖြစ်လာပြီဆိုတာကို ပြန်သတိပေးနေရတယ် ... "

" ငါရောပဲ "

ငါလည်းအိမ်မက်တစ်ခုလိုပဲ ။ Jongin ဒါဟာမှန်လား မှားလားဆိုတာကို အခုထိမသိသေးဘူး ။ ဒါပေမဲ့ မင်းဆီကနေ အခုလိုတွေကြားတဲ့အခါ မှန်တယ်လို့တွေးမိတယ် ။ ဒါပေမဲ့ ငါ့ကိုယ့်ငါပြန်မေးတဲ့အခါမှာတော့ တွေ​ေ၀မိပြန်တယ် ။ ငါတို့သာ အရင်တွေ့ခဲ့ပြီး ငါနှလုံးသားဟာ မင်းအပိုငိဆို ဘယ်လောက်ကောင်းလိမ့်မလဲ ?

" ချစ်တယ် ကိုယ့်အချစ်လေး "

" အင်း "

Jongin ဟာ သူမျော်လင့်နေမိတဲ့စကားတစ်ခွန်းကိုတော့ ဘယ်တော့မှပြန်မရခဲ့ပါ ။ အခုလည်း ထိုအတူ ။ သူတို့ ပန်းဆိုင်ကနေ Jongin စီစဥ်ထားတဲ့ စားသောက်ဆိုင်ကြီးကိုရောက်လာခဲ့သည် ။ ထိုလူဟာ Romantic ဆန်ပြီး ယောကျ်ားကောင်းတစ်ယောက်ဖြစ်တဲ့အပြင် သူ့ကိုလည်း ဒီလိုယောကျ်ားတစ်ယောက်ကိုပိုင်ဆိုင်ရလို့ လူအများက အားကျစွာ ငေးကြည့်နေကြသည် ။ အဲ့အချိန်မှာတောင် သူ့ကိုသာ အရိပ်တစ်ခုပမာ လိုက်ပါဖြည့်စည်းပေးတတ်သော Jongin ကို ကျေးဇူးတင်သည် ။ သူတို့လက်ထပ်ပြီးတဲ့အထိ Jongin လိုလူကို ကပ်တွယ်ဖို့ကြိုးစားတဲ့လူတွေအကြောင်း ပြန်ကြားရတိုင်း ထိုလူကတော့ သူမမေးခင်ထဲက ဖြေရှင်းချက်တွေပေးတတ်သည် ။ ဘယ်သူနဲ့ ယှဥ်ယှဥ် ပထမဆုံးရွေးချယ်မှုဆိူတဲ့ ဘ၀၌ ထိုလူ အလိုလိုက်ထားလို့ သူနေသားကျနေပြီ ။

Secret MonsterWhere stories live. Discover now