Ep - 37

140 21 1
                                    

Chanyeol ဖြစ်နေတဲ့ ပြသနာတွေနဲ့ တရားရင်ဆိုင်ရတဲ့ အကြောင်းတွေကို Sehun သိရတော့ တစ်ဖက်လူအပေါ်ပိုပြီး မုန်းတီးမိသလို သူ့သူငယ်ချင်းအတွက်လည်း အန္တရာယ်များတဲ့လူနဲ့​ေ၀းသွားတာကြောင့် စိတ်သက်ရာရသည် ။ သွေးရော မျက်ရည်ပါ ကင်းမဲ့ပြီး ဖြစ်ချင်တာတစ်ခုအတွက် မိဘတောင်မချန်ဒုက္ခပေးသော နတ်ဆိုးလိုလူကြောင့်အခုဆို အမ minhee အပြင် သူ့ခင်ပွန်းဖြစ်သူကပါ ငွေကြေးကိစ္စအတွက်အတော်လေး သောကရောက်လျက်ရှိပြီး Sehun တို့ Group ကပါ သူ့သားမျက်နှာဖြင့် ကူညီနေရသည် ။ အစကတော့ Kim Suho ကို Sehun အဖေဘက်က ဖူးဖူးမှုတ်ကာ ချစ်ပေးသော်လည်း အခုလိုစီးပွားရေးတွေကျဆင်းတော့ တစ်ဖက်မိဘတွေဘက်က Sehun ကို Suho နဲ့ သိပ်သဘောမတူချင်တော့ဘူးပေါ့ ။ မိသားစုမျိုးဆက်အဆုံးရှုံးခံထားရပြီး ငွေရှိလို့ ထိပ်တန်းသူ​ေဥး၏သားနှင့်လက်ထပ်ပေးခဲ့တယ်ဆိုသော်လည်း အခုတော့အခြေအနေက ဆန့်ကျင်ဘက်ဖြစ်သွားးခဲ့ပြီဖြစ်သည် ။

ဒါ့ကြောင့် ရိုက်ခက်မှုက KIM မိသားစုတစ်ခုထဲတင်မဟုတ်ပဲ သူတို့နှင့်ဆက်သွယ်ရာ လုပ်ငန်းစုကိုပါထိခိုက်လာတာကြောင့် စီးပွားရေးလောကရဲ့ အချမ်းသာဆုံးနေရာကို Jongin အဖေက နေရာယူထားသည် ။ အခုဆို Jongin အဖေက သူ့သားကို အမျိုးသမီးလေးတစ်ဦးဖြင့် စေ့စပ်ဖို့တိုက်တွန်းနေပြီး Jongin ကလည်း သူ့အနေဖြင့် သူ့အဖေကို အရင်လိုဆန့်ကျင်ခြင်းမရှိတော့ပေမဲ့ သူကိုယ်တိုင်ကစိတ်ပါတာတော့မဟုတ်ဘူး ။

Chanyeol ထောင်ကျပြီး ၅လအကြာမှာ အခြေအနေငြိမ်သက်သွားတာကြောင့် Kyungsoo အမေက သူ့သားကိုရွာကနေပြန်ခေါ်သော်လည်း ကောင်လေးကတော့ ကျောင်းဆရာပေါက်စလေးဖြစ်နေတာကြောင့် သူ့ကျောင်းက ကလေးတွေကိုမခွဲချင်ဖြစ်နေတာကြောင့် သူ့အမေက လည်း ဆက်နေဖို့သဘောတူလိုက်သည် ။ Kyungsoo ကအစထဲက အင်တာနတ်သိပ်မသုံးသူဖြစ်တာကြောင့် Chanyeol အကြောင်းတွေသိပ်မသိဘူး  သတင်းကြည့်ဖို့ကလည်းchanyeol ထောင်ကျတဲါအချိနမှာ အခါအခွင့်မသင့်ဘူးဖြစ်နေသည် ။အခုကြည့်ပြန်တော့ Kim Group ၏ စီးပွားရေးထိုးကျတဲ့အကြောင်းများသာဖြစ်နေသည် ။

သူ့ကိစ္စမဟုတ်ဘူးလို့ သဘောထားပြီး ရှင်သန်နေသော Kyungsoo ကတော့ အဲ့လိုအကြောင်းများကြားတဲ့အခါ သူကိုယ်တိုင်က သဘောထားသိပ်ပြည့်၀နေတဲ့လူမဟုတ်တော့ ... နည်းနည်းတော့ ကျေနပ်နေခဲ့သည် ။ အခုဆို ခေါင်းစီး သတင်းတိုင်းလိုလိုက Jongin ကို သူ့အဖေကပိတ်ကားပေါ်ထုတ်ဖော်ကာ နေရာဆက်ခံခိုင်းဖို့ပြင်နေတဲ့ အကြောင်းများပင်ဖြစ်သည် ။ အရာ အားလုံးက ကံစီမံရာ အတိုင်းကြီးပါပဲ ... အခုလိုဖြစ်ပါစေလို့ သူမမျော်လင့်ထားပါဘူး ....

Secret MonsterWhere stories live. Discover now