Ep - 13

301 51 18
                                    

Kyungsoo မှာ Sehun နဲ့ပတ်သတ်ပြီး သူငယ်ချင်းဆိုတာနဲ့ Baekhyun Jongin တို့ပါတွဲလျက်ပါလာသည် ။ အခုလည်း Kyungsoo ဟာ Sehun နဲ့ကန်တင်းလိုက်လာပြီးနေ့လည်စာစားဖို့အရေး Aခန်းကတစ်သိုက်နဲ့တည့်တည့်တိုးတော့သည် ။ Jongin နဲ့တော့ အတော်ရင်းနှီးနေတာပြောစရာမလိုပေမဲ့ Baekhyun နဲ့မျက်နှာချင်းဆိုင်ဖို့ကတော့ တစ်မျိုးဖြစ်နေသေးသည် ။ ဒါပေမဲ့ Beakhyun ကတော့ သူ့ပုံစံအတိုင်း ရောက်တာနှင့်စကားစပြောတော့သည် ။ Sehun နဲ့က နှစ်ယောက်သားအမြဲ ကြောင်နဲ့ကြွက်လိုပဲ အမြဲရန်သတ်နေတတ်သည် ။

Sehun ကစကားမရှိစကားရှာပြီး စကား၀ိုင်း၌ ဆိုသည် ။

" Beakhyun မင်းရည်းစားအကျင့်စရိုက်ကဘယ်လိုလဲ ? " SH

" သေချာတာတော့မင်းထက်ကောင်းတာပေါ့ ဇီဇာလည်းမကြောင်ဘူး ငါကိုဂရုစိုက်ရမှန်းလည်းသိပြီး တစ်ခုခုဆို ငါ့ကိုရွေးတဲ့လူမျိူးပေါ့ ။ မင်းလိုထင်လို့လား ? " BH

" ဆရာက ဒေါသကြီးလား ? " KS

" ဟင့်အင်း ဆရာက ချိုသာပြီး သဘောကောင်းတယ် " BH

" သြော် " KS

" သဘောကောင်းနေ မင်းလိုက်ကပ်နေလို့ လက်ခံလိုက်တာဖြစ်မှာပေါ့ English ဆရာကိုသနားလိုက်တာကွာ မင်းလို အရှုပ်အထုတ်ကို လက်ခံရတယ်လို့ " SH

" မနာလိုနေလည်း ချောင်တစ်ခုမှာအိပ်နေကွာ " BH

" မင်းဖြစ်ချင်တာတွေပြောမနေနဲ့ ဟေ့ကောင် " SH

" အေးဆေး စားပါရစေကွာ " JI

အဲ့တော့မှခွတ်နေကြသော နှစ်ယောက်ဟာ ငြိမ်သွားတော့သည် ။ Sehun ဟာအကျင့်ပါစွာ တစ်ဖက်လူပန်းကန်ထဲက သခွားသီးအား သူ့ပန်းကန်ထဲကောက်ထည့်လိုက်ပြီးနောက် သူ့ကိုယ်သူရိပ််မိသွားကာ လွှင့်ပစ်လိုက်တယ် ။ ဒါပေမဲ့ Baekhyun ကတော့ပြုံးလျက် ဆက်စားနေခဲ့သည် ..... သူတို့နှစ်ယောက်တွဲခဲ့တာ ၁နှစ်ကျော်ပေါ့ နှစ်ယောက်စလုံးရဲ့ အကျင့်က အရမ်းတူတဲ့အခါ တစ်ယောက်က တွန်းတဲ့အခါ ပြိုင်တူတွန်းမိကြလိမ့်မည် ။ အပျော်ဇယားတွေကလည်း နှစ်ယောက်ခပ်များများရယ်ကြောင့်လည်း ပါတာပေါ့ တစ််နှစ်ပြည့်ပြီး မကြာဘူးပျက်သွားပေမဲ့ အခုထိသူငယ်ချင်းလိုနေနိုင်တာ အတော်လေး အံ့သြစရာပဲ ။

Secret MonsterWhere stories live. Discover now