38

138 20 5
                                    

Jongin ကို Kyungsoo အဘိုးဖြစ်သူက သူ့အိမ်မှာသာ တည်းခိုဖို့တိုက်တွန်းတာကြောင့် Jongin တစ်ယောက်က နှစ်ခါမပြောရပါ ။ ၁၀ရက်စာပေးထားတဲ့အခန်းခကို အလကားအလှူပေးသလို သဘောထားပြီး နေ့ချင်းပဲ အထုတ်တွေဆွဲကာ Kyungsoo အိမ်ပေါ်ရောက်လာခဲ့သည် ။ နေ့ဆိုလည်း Kyungsoo နဲ့အတူ အဘိုးခြံအလုပ်တွေကူညီပြီး ပန်းချီသင်ရမယ့် ရက်တွေဆိုလည်း Kyungsoo နဲ့အတူ ကျောင်းကိုလိုက်သွားလေ့ရှိသည် ။ အရင်ကဆို Kyungsoo တစ်ယောက် သူ့အရွယ်အပေါင်းအသင်းက မရှိတော့ ရွာကနေရာအနှ့ံကို မသွားဖြစ်ပါ အခုတော့ သူ့မှာ Jongin ရှိနေပြီဆိုတော့ ဘယ်သွားသွားအတူတူ ဖြစ်နေတော့သည် ။ အခုလည်း ရွာကိုရောက်တာ ၂ပတ်မြောက်နေ့မှာ ငါးဖမ်းဖို့အတွက် ပြောင်းစိုက်ခင်း တစ်ဖက်က  စမ်းချောင်းလေးကို ရောက်လာခဲ့သည်။ ဒီလို နွေဦးအချိန်ဆို ငါးတံခွန်တွေ သိပ်ပေါတာပေါ့ ....

Jongin က ထို၂ပတ်မှာ ဖုန်းကိုလုံး၀ပိတ်ထားခဲ့ပြီး ခြေရာဖျောက်နေတာကြောင့် ဆိုးလ် က သူ့မိဘတွေက စေ့စပ်ဖို့အတွက် သူတို့သားကို တစ်နိုင်ငံလုံးမြေလှန်မတက်လိုက်ရှာနေကြပေမဲ့ လုံး၀မတွေ့ ... Jongin အဖေက သူ့သားရဲ့ စရိုက်ကိုသိသူပီပီ အခုလို ရွံ့တောထဲမှာ သွားနေလိမ့်မယ်လို့ သူမမျော်လင့်ထားတာလည်း ပါသည် ။ ထို့အတူ Kyungsoo အတွက်လည်း အဲ့လောက်အထိ ရူးလိမ့်မယ်လို့ ထိုသူက မထင်ထားဘူး ။

"    ငါးမြားတံနဲ့ မဖမ်းဘူးလား ?    "

"    ဒီရေက စီးနေတာလေ ပိုက်နဲ့ဖမ်းမှရတာ  ဒီပိုက်ကွန် ကို ဟိုနားက၀ါးလုံးနဲ့ချီရမှာ နောက်၂နာရီလောက်ဆို အသာလေး ၅ကောင်လောက်မိတယ်   "

Jongin ကတအံ့တသြဖြင့် Kyungsoo ကိုကြည့်ကာ ပိုက်ကွန်ချီနေတဲ့ကောင်လေးကို ကူညီပေးနေသည် ။

"    တောသားလေး Kyungsoo မင်းအခုပုံစံက ဒီကရွာခံလူ ဖြစ်နေပြီ    "

"     ဟုတ်လား ? ငါအမြဲဒီမှာနေတော့မယ်လေ    "  ( ရယ်လျက် )

"    မရပါဘူး ! မင်းကိုရအောင်ခေါ်သွားမှာပဲ    "

Kyungsoo ကနောက်ဆုံးလက်ကျန် ပိုက်ကွန်ကကြိုးကို ချည်လိုက်ပြီး ရေဖြင့် Jongin ကိုလှမ်းပတ်လိုက်သည် ။ သူတို့ ဘောင်းဘီခြေထောက်အနားတွေဟာ ရေတွေစိုရွဲနေလျက်ရှိပြီး သဲတွေတောင်ကပ်နေသေးသည် ။ သူဌေးလေး Jongin ရဲ့အခုလို ပေစုတ်စုတ်ပုံစံကို ကြည့်ပြီး Kyungsoo က ရယ်မိလိုက်တယ် ။ တစ်ဖက်လူက သူ့အတွက် မလုပ်ဖူးတာတွေ လိုက်လုပ်နေတဲ့ ပုံစံက အလွဲလွဲ အချော်ချော်နဲ့ဆိုပေမဲ့ သူ့ကြောင့် ကြိုးစားပြီး လုပ်နေတုန်းပင် ။

Secret MonsterWhere stories live. Discover now