Kyungsoo တစ်ယောက် နေ့ခင်းထဲက စျေးသွားကာ တစ်နေ့လုံးချက်ပြုတ်နေတာ ညနေ ၅နာရီလောက်မှာ ဟင်းတွေအကုန်ပြီးသွားတော့သည် ။ နာရီလက်တံတွေရဲ့ ရွေ့လျားမှုကိုလှမ်းကြည့်လိုက် အပြင်ကိုလှမ်းကြည့်လိုက်ဖြင့် လူတစ်ယောက်ပြန်အလာကို သူစောင့်နေမိတာ တဖြေးဖြေးနှင့် ည 10နာရီထိုးသွားတဲ့အထိပဲ ။ ဆရာက သူ့ကို စာလေးတစ်စောင်တောင်မပို့ပဲ နောက်ကျမယ့်အကြောင်းပြောမလာပါဘူး ။ Chanyeol ရဲ့ ကားအိမ်နားရောက်တော့ ကားသံကြောင့် Kyungsoo ဟာ သူ့ရဲ့ဟင်းရည်အိုးလေးကိုအမြန်မီးဖိုပေါ်တင်ကာ နွေးလိုက်ပြီး အရှေ့ကိုပြေးထွက်လာသည် ။
" ဆရာ ပြန်လာပြီလား ? ညစာရော စားပြီးပြီလား ? "
" ကိုယ်စားပြီးပြီ "
" အာာာာာာာ စားပြီးပြီလား ? "
" မင်းမစားရသေးဘူးလား "
" ကျွန်တော်က ဆရာ့ကို စောင့်နေတာနဲ့ "
" ဒါဆိုထပ်စားတာပေါ့ ကိုယ့်အတွက်ထမင်းနည်းနည်းပဲထည့်လိုက် အိကျင်္ီလဲပြီး ပြန်ဆင်းလာခဲ့မယ် "
" ဟုတ်ကဲ့ "
ပျော်ရွှင်နေသော ကောင်လေးဟာ သူချက်ထားသော လက်ရာလေးကိုအသိအမှတ်ပြုခံဖို့အတွက်ကြိုးစားပန်းစားလုပ်နေတော့သည်။ chanyeol မီးဖိုခန်းထဲ၀င်လာတော့ စားပွဲပေါ်အသင့်ရောက်နေသော ဟင်းများကိုကြည့်ကာ အံ့သြသွားတယ် ။ကြည့်ရတာ ဂျာမနီသွားတာ ထမင်းတော့ကောင်းကောင်းချက်တတ်လာတဲ့ပုံပဲ ။
" ဆရာ စားရတာအဆင်ပြေလား ? "
" ကိုယ်ကမင်းဆရာမှမဟုတ်တော့တာ ဆရာလို့ထပ်ခေါ်နေဦးမှာလား ? "
" ဟမ် ? ခေါ်နေကျဖြစ်နေလို့ပါ ဒါဆို ဘယ်လိုခေါ်ရမလဲ ? "
" Kyungsoo မင်းအဆင်ပြေလား ? "
" ပြေပါတယ်ဆရာ ပြေမှာပါ ပြေအောင်နေပါ့မယ် ကျွန်တော်က ထင်တာထက်ပိုပြီးခံနိုင်ရည်ရှိပါတယ် "
chanyeol ဟာတစ်ဖက်က ညိုးငယ်နေသော မျက်နှာလေးကိုကြည့်လိုက်ပြီး လက်ထဲက ဟင်းအား kyungsoo ပန်းကန်ထဲထည့်ပေးလိုက်သည် ။