Ep - 32

179 35 10
                                    

Kyungsoo သူ့ကားကိုယူပြီးပြန်လာတော့ ည ၉နာရီတောင်ရှိနေပြီဖြစ်သည်။ ညစာကိုအပြင်မှာစားခဲ့တာဖြစ်တာကြောင့် chanyeol ထမင်းစားနေတာကို ၀င်မစားပဲ အခန်းထဲသာတန်း၀င်သွားတော့သည် ။ Chanyeol ကတော့ပြန်လာသော ကောင်လေးကို ငေးကြည့်လျက် လှမ်းခေါ်မလို့ပြင်လိုက်ချိန်တစ်ဖက်လူကတော့ အခန်းထဲ၀င်သွားတာဖြစ်သည် ။ ကြည့်ရတာ အခုထိ သူ့ကိုစိတ်ဆိုးနေပုံပဲ ။။။

အခန်းထဲတွင်

" ကလေး ညစာစားပြီးပြီလား ? "

" ပြီးသွားပြီ Jongin နဲ့စားခဲ့တာ သူ၀ယ်ကျွေးမယ်ဆိုတာနဲ့ ငြင်းလို့မကောင်းလို့ "

တကယ်တော့် သူတစ်ယောက်ထဲစားခဲ့တာပါ ။ ည ၉နာရီထိုးဖို့ သူ့ကိုယ်သူအအေးခံပြီး စောင့်နေခဲ့တာပေါ့ ။ တကယ်တော့ဒီထက်နောက်ကျမှပြန်လာချင်ပေမဲ့ စောစောအိပ်တတ်သောလူကို သတိရသွားတာကြောင့် သူ့နှလုံးသားအလိုကို လိုက်ခဲ့မိသည် ။ ထားပါ နောက်တစ်ခါတော့ ပိုပြီး မာကျောဖို့ လေ့ကျင့်ပေးရမည် ။

" သူနဲ့သွားတွေ့တာလား ? "

" အင်းလေ မနေ့ကသူမူးနေတာနဲ့ ကျွန်တော့်ကားပေါ် အန်ချထားတာကို ကားဆေးဖို့အပ်ထားတာ သွားယူရင်း သူလည်းရောက်လာတာနဲ့ "

" မနေ့ညက အပြင်မှာအိပ်တာလား ?"

" ဆိုပါတော့ ... တည်းခိုခန်းမှာ။ အိမ်ပြန်ဖို့ကျတော့ Jongin ကိုသယ်ပြီး ၅ထပ်မတက်နိုင်တာနဲ့ပဲ အပြင်မှာအိပ်ဖြစ်သွားတာ "

Chanyeol သူ့ရင်ထဲ တောက်လောင်နေသော မီးစတွေကို အပြင်မထွက်အောင်မနည်းထိန်းသိမ်းနေရသည် ။ Jongin နဲ့ နောက်ကွယ်မှာ ဘယ်အနေအထားဖြစ်နေကြပြီလဲဆိုတာ chanyeol မသိဘူး တကယ်လို့သာ ကလေးက သူ့ကြောင့်စိတ်ဆိုးနေတယ်ဆိုလျှင် ဒူးထောက်ရ ဘာလုပ်ရ ဆွဲထားမိမှာပဲ ။ ဒါပေမဲ့ အခြားတစ်ယောက်ကြောင့် သူ့အပေါ်စိတ်ကုန်သွားတယ်ဆိုရင်တော့ မချစ်တော့တဲ့လူတစ်ယောက်ကို ဆွဲမထားတော့ပါ ။ ဒါများ မင်းမို့ကိုယ့်ဘ၀ထဲ ထပ်၀င်လာသေးတယ် .... ကိုယ်ဟာ မင်းနဲ့ပတ်သတ်ပြီး မနည်းပြန်အဖက်ဆယ်ထားရတဲ့လူပါ မင်းလိုချင်တဲ့ အရာတွေ မပေးနိုင်သေးပေမဲ့ ကိုယ့်နှလုံးသားတစ်ခုလုံး အပိုင်ရထားတာကို မကျေနပ်သေးဘူးလား ?

Secret MonsterWhere stories live. Discover now