Ep - 43

164 17 0
                                    

ပျားရည်စမ်းခရီး ၁လအကြာမှာ Kyungsoo ရဲ့စိတ်ခံစားချက်ကအတော်လေးကောင်းမွန်လာခဲ့သည် ။ သူနဲ့ Jongin ရဲ့ဆက်ဆံရေးကလည်း တကယ့်ကို လက်ထပ်ထားတဲ့စုံတွဲတွေလိုပိုပြီး အပေးအယူမျှလာပြီး Jongin နဲ့ပတ်သတ်တဲ့  သူ့စိတ်ကလည်းအရင်ကထက် အားသာလာခဲ့သည် ။ Seoul က Jongin ရဲ့နေအိမ်ကိုပြန်ရောက်ပြီး ၂ရက်အကြာမှာ ဆရာဆေးရုံကဆင်းသွားတဲ့အကြောင်းစုံစမ်းခဲ့ရတယ် ။ တစ်ဖက်မှာအဆင်ပြေနေပေမဲ့ အခုမှလာပြီး သူသေမှလက်လွှတ်မလိုဖြစ်နေတဲ့ ဆရာကြောင့် ဘယ်အချိန်သူ့ကိုဒုက္ခပေးမလဲဆိုပြီး စိုးရိမ်နေမိသည် ။ အိမ်မှာရှိနေပေမဲ့ သူအခုထိ ရတက်မအေးနိုင်သေးဘူး ။ ဟိုပြသနာဖြစ်ပြီးထဲက Jongin ကသူ့ဘေးနားမှာ သက်တော်စောင့်တွေထားပေးပေမဲ့လည်း သူကတော့ စိတ်မချနိုင်သေးပါ ။

ညနေလောက်မှာ Jongin တစ်ယောက် company ကပြန်လာတဲ့လမ်းမှာ ကားဘီးက ရုတ်တရက်ပေါက်သွားတာကြောင့် ကားစလစ်ဖြစ်ပြီး ဆေးရုံရောက်သွားတဲ့အကြောင်းကို Kyungsoo သိရတာနဲ့ ဆေးရုံကိုအမြန်လိုက်လာခဲ့သည် ။ တော်သေးတာက အရေးပေါ်အခန်းရောက်သွားသူမှာ Driver ဖြစ်ပြီး Jongin ကတော့ နဖူးမှန်ရှသွားကာ လက်အရိုးအပ်သွားတာကလွဲပြီး ကြီးကြီးမားမားသိပ်မဖြစ်သွားခဲ့ပေ ။ Kyungsoo ခမျာ ဆေးရုံက Jongin ရှိနေတဲ့အခန်းထဲကို မျက်ရည်အ၀ိုင်းသားဖြင့် ရောက်လာခဲ့သည် ။ သူသိနေတဲ့ ဒါက သွေးရိုးသားရိုးကားမှောက်တာမဟုတ်ဘူး ။  ဆရာက Jongin ကိုသေစေချင်နေတာလား ? အဲ့လိုတော့မလုပ်ပါနဲ့ !!!

သူအခန်းထဲရောက်တော့ လက်ကိုဆေးပတ်တီးကိုင်ထားသော Jongin က ကုတင်ပေါ်မှာ ထိုင်နေတယ် ။ သူက Kyungsoo ရဲ့ပုံစံကိုတွေ့ပြီး မစိုးရိမ်ရအောင် စနောက်နေသေးပေမဲ့ Kyungsoo ကတော့ ပိုပြီးတော့၀မ်းနည်းလာတော့သည် ။

"    မသိရင်ကိုယ်သေသွားတယ်ထင်နေပါဦးမယ်ကွာ    "

"    မင်းကားသာမကောင်းရင် အဲ့ဒီကုန်ကားကြောင့် သေသွားနိုင်တယ်သိရဲ့လား ? ဘယ်လောက်စိုးရိမ်နေလဲမသိပဲနဲ့    "

"    ဟုတ်ပါပြီ  ဒါပေမဲ့ အခုဘာမှမဖြစ်ဘူးလေ အရမ်းမစိုးရိမ်ပါနဲ့   "

"   အဲ့ဒါ သူ့ကြောင့်များလား ? ငါကြောက်တယ်   sob* လူသတ်ဖိူ့အထိဘာလို့ကြံစည်ရဲရတာလဲ ?   "

Secret MonsterWhere stories live. Discover now