Ep - 34

137 21 5
                                    

ဆွီဒင်မှာ ပြသနာဖြစ်ပြီးနောက်မှာ Korea ကိုပြန်လာပြီးထဲက Kyungsoo ကိုဘယ်သူကမှဆက်သွယ်လို့မရဘူး ။ ဘာလို့ဆို ကောင်လေးဟာ ဖုန်းကိုပိတ်ထားပြီး အိမ်သွားပြန်တော့လည်း တံခါးမဖွင့်ပေးဘူး ။ Sehun တို့ကလည်း အခုမှ Chanyeol နဲ့ Kyungsoo အကြောင်းသေချာသိရတော့ ။ သူ့သူငယ်ချင်းအတွက် မခံမရပ်နိုင်ဖြစ်ပြီး ဟိုတလောကတောင် Suho နဲ့ ပြသနာတက်သေးသည် ။ Suho ကတော့ သူ့အမဘက်ကပေါ့ ... Sehun ကတော့ Kyungsoo ဘက်ဖြစ်သည် ။

နောက်ဆုံးတော့လည်း လင်ငယ်နေရာကဆိုတဲ့စကားမှာ သူမငြင်းနိုင်တော့ဘူး ။ အခုလိုအမဲစက်အစွန်းခံပြီး ချစ်ခဲ့ရအောင် အဲ့လူကြီးက ဘာတွေကောင်းနေလဲဆိုတာ Sehun နားမလည်တော့ဘူး ။ သူက တစ်ဖက်က Jongin ကိုလည်း အားနာနေရသေးသည် ။ ဒီတစ်လျှောက်လုံး အားလုံးက Jongin နဲ့ စနောက်နေခဲ့ကြတာအကောင်း ... တကယ်ဆို Kyungsoo က Jongin နဲ့သာဖြစ်သွားရင် ကောင်းမှာပဲလို့ သူတွေးမိသည် ။

တစ်ဖက်မှာလည်း Minhee တစ်ယောက် Chanyeol နဲ့ Kyungsoo ပျက်သွားပြီဆိုတဲ့ သတင်းကိုသိထားပြီးဖြစ်သည် ။ အချိန်အတော်ကြာအကဲခက်ပြီးတဲ့နောက်မှာ Chanyeol ဘက်က ပုံစံမပျက်ပဲ အလုပ်လုပ်နေပြီး အရက်သောက်တာ ၀မ်းနည်းနေတာလဲမရှိတာကြောင့် သူမ သိထားသလို chanyeol က ဒီကောင်လေးအရမ်းတွယ်ကပ်နေလို့ အားနာပြီး တွဲပေးခဲ့ပုံရသည် ။ အခုဆို Chanyeol ကလည်းလွတ်လပ်သွားပြီး သူမမှာလည်း ကိုယ်၀န်နဲ့ဆိုတော့ ဘယ်သူ့ကိုငဲ့နေရဦးမှာလဲ ? သူ့ယောကျ်ားကို စိတ်ဒုက္ခပေးသွားတဲ့ မြွေပွေးကောင်ကို ဒီအတိုင်းတော့ လွတ်မထားနိုင်ဘူးလေ ။

*****************

Kyungsoo တစ်ယောက် အသင့်စားအစားအသောက်တွေသာ စားနေတာ တစ်လကျော်ပြီ နေ့တိုင်းအရက်သောက်မိနေတာကြောင့် အခုတလော အစာအိမ်ကအနာဖြစ်လာလို့ ဆေးတွေလည်းသောက်နေရသည် ။ထို့ကြောင့် သူအရင်ကထက် အတော်လေးပိန်သွားတယ် ။ ဆွဲပြီး သိမ်းထားသမျှ Chanyeol ပန်းချီကားများကို စက္ကူတွေကြားထဲက ဆွဲထုတ်ပြီး နောက်ဆုံးအနေနဲ့ အခန်းထဲအပြည့်ချိတ်ထားကာ တစ်နေလုံး တစ်စိမ့်စိမ့်ထိုင်ကြည့်ရင်းလည်း ခဏ ခဏ ငိုရသည် ။ ဒါ့ကြောင့်ပဲ လူက စိတ်ရောလူပါ အဆင်မပြေဘူး အခုဆို သတင်းတွေကလည်း လာလိုက်ရင် သူဌေးအုပ်စုတွေအကြောင်းတွေခဏခဏပဲ Kim Minhee အကြောင်းထိပ်ဆုံးကဖြစ်ပြီး ကိုယ်၀န်အကြောင်းကို အတိအလင်း ကြေညာပြီးတောင်ဖြစ်သည် ။ လူအုပ်ကြီးဟာ အရမ်းကို ပျော်ရွှင်နေပေမဲ့ သူကတော့ သိပ်ကို သနားဖို့ကောင်းနေတယ် ။

Secret MonsterWhere stories live. Discover now