Ep - 45

190 20 0
                                    

ယနေ့ တရုတ်က Company ခွဲကို Jongin သွားရတော့ အိမ်မှာ Kyungsoo တစ်ယောက်ထဲကျန်နေခဲ့သည် ။ ထိုအချိန် သူ့ဖုန်းထဲကို Message တစ်စောင်ရောက်လာခဲ့တယ် ။ ဆရာဆီက သူနဲ့ခဏလောက်တွေ့ရအောင်ဟူ၏ တကယ်လို့သာမလာရင် နိုင်ငံတွင်းမရှိနေသော Jongin ကို အသာလေးအစဖျောက်နိုင်တယ်ဟူ၏ ။ ဒါက မဖြစ်နိုင်တာသိပေမဲ့ Kyungsoo လာဖို့ပြောလိုက်သည် ။ ထို့ကြောင့် တွေ့ဖို့အတွက် ပန်းချီပြခန်းကိုသာ ထွက်လာခဲ့သည် ။

အခု Jongin အခြေအနေက အောက်ခြေကခြစားမှုတွေကြောင့် ထိုင်ခုံပျောက်တော့မယ့်အနေအထားဖြစ်နေသည် ။ သူ့ရဲ့အ​ရည်အချင်းနုနယ်တာရော သေမထူးနေမထူးမလုပ်နိုင်သော အခြေအနေကြောင့် ထွက်ပေါက်ပိတ်နေသည် ။ အစထဲက တွန်းချချင်နေသောလူများတဲ့သူတစ်ယောက်မို့ chanyeol မွှေးတဲ့မီးကပိုတောက်နေသည် ။ အခုတလောဆို Jongin ပုံစံက ညအိပ်ပျက်နေ့တွေများလာပြီး မျက်ကွင်းတွေကျလျက်အတော်လေး ပိန်သွားသည် ။ ပိုဆိုးတာက သူ့အပေါ်အရမ်းချစ်တဲ့လူက အခုတလော အရမ်းဒေါသထွက်နေပြီး သူတို့နှစ်ယောက်ခဏခဏရန်ဖြစ်နေရသည် ။ ကြာတော့ သူတို့ကြား အခြားလူနှောက်ယှတ်လို့အဖုအထစ်တွေများလာလိမ့်မည် ။

"    ထိုင်လေ မလောပါနဲ့   "

Kyungsoo ကတော့ သူ့အရှေ့ကလူနှင့်တစ်ခုံထဲမထိုင်ချင်တာကြောင့် ရပ်နေသည် ။ Chanyeol တစ်ယောက် အောင်နိုင်စွာပြုံးရင်း လက်ထဲကဆေးလိပ်ကိုပြာခွက်ထဲဖိချေလိုက်ပြီး

"    ဟိုကောင်ဒုက္ခရောက်မှ မင်းမျက်နှာကိုတွေ့ရတော့တယ် ငါကတော့ပြောစရာမရှိဘူး ဒီထက်အခြေအနေမဆိုးချင်ရင်  ကွာရှင်းလိုက်လေ ဒါဆို ဟို​ကောင်က သူပျက်စီးသွားတာကို မင်းကြောင့်လို့ခေါင်းစဥ်တပ်မှာမဟုတ်ဘူး"

"    ကျွန်တော်တို့ဘယ်တော့မှကွာရှင်းမှာမဟုတ်ဘူး .... ဘာလို့လည်းသိလား ? သူကဆရာအခုဖျက်စီးနေတဲ့အရာတွေထက် ကျွန်တော့်ကိုပိုပြီးတန်ဖိုးထားတယ်   ဆရာ့လိုချမ်းသာချင်လို့ မိန်းမတစ်ယောက်ကို ကောက်မယူဘူး    "

"    ငွေ​မရှိပဲ မင်းလိုလူကနေနိုင်မှာတဲ့လား ?   "

"   Huk* ဆရာ့ဘ၀မှာ ကျွန်တော့်ကို တစ်ခါလောက်များအပြည့်အ၀ နား လည်ခဲ့ရဲ့လား ? .... တစ်ခါမှမရှိခဲ့ဘူးလေ    "

Secret MonsterKde žijí příběhy. Začni objevovat