Ep - 33

402 52 63
                                    

ပင်ပန်းနွမ်းနယ်နေသော နှလုံးသားသည် အခုတလော ဆရာ့ဆီက ချိုမြိန်ခြင်းတွေကိုအပြည့်အ၀ခံစားနေရတဲ့အခါ ကျွန်တော့်အတွေးတွေဟာ နောက်တစ်ကြိမ် ထိုလူအားမျော်လင့်ချက်ထားဖို့အစပျိုးနေတော့သည် ။ ဆရာကျွန်တော့်အိမ်မှာ နေသွားသော တစ်ပတ်အပြီး၌ အရင်လို မပစ်ထားသော ထိုလူက အမြဲလိုလို ဖုန်းတွေဆက်ပြီး အစားအသောက်များကိုဂရုတစိုက်မှာပေးတတ်သည် ။ အဲ့အချိန် ကျွန်တော်နားလည်မိတာက ကျွန်တော်ဘက်ကလျော့သွားသောကြိုးစလေးကို လွှတ်သွားမှာစိုးလို့ ဆရာဟာ တင်းတင်းကျပ်ကျပ်ပြန်ဆွဲထားခဲ့တယ်ဆိုတာပါပဲ ။ တစ်နည်းအားဖြင့် ထိုလူဆီကခံစားရသော မင်းကိုလက်မလွှတ်ပေးနိုင်ဘူးဆိုတဲ့ လွှမ်းမိုးမှုတွေဟာ သူ့နှလုံးသားကို အကြီးအကျယ်ရိုက်ခက်စေပါသည်။

ဆရာ့နှုတ်ဖျားက ထွက်သမျှအရာတိုင်းကို မယုံကြည်ဖူးလို့အော်နေသည့်တိုင် ကျွန်တော်ဟာ ပုံသွင်းခံရတာကို အတော်လေးအသားကျနေပြီဖြစ်သည်
ဆွီဒင်သွားရန် အစစအရာရာကို အသေးစိတ်ပြင်ဆင်ပေးသော ချစ်ရသူဟာ သူ့ရဲ့ အိမ်မက်တွေကိုအကောင်းဆုံးထောက်ပံ့နေတာမြင်ရတော့ ဆရာပြောသော စောင့်ဆိုင်းမှုကို လက်ခံရန် ကျွန်တော်အကြိမ်ကြိမ်စဥ်းစားခဲ့ရပြန်သည် ။ Kyungsoo လေးဟာ သူ့ဆရာဆီက အရာအားလုံးကို အပြည့်အ၀ခံစားနေရတဲ့အချိန်၌ တစ်ဖက်မှာတော့ Minhee ထံမှာ ကိုယ်၀န်ရနေပြီဖြစ်သည် ။ မိသားစုနှစ်ခုလုံး၏ ချီးမွန်းမြောက်စားမှုကို သူမရနေချိန်မှာ ယောကျ်ားတစ်ယောက်ဖြစ်သော Chanyeol အနေနဲ့ကလည်း ကလေးရသွားတာကြောင့် Minhee မိဘတွေရဲ့ လူရာသွင်းခြင်းကို ပို၍ခံလာရတာကြောင့် Chanyeol လုပ်ချင်သမျှကို ထောက်ပံ့ပေးလာသည် ။ Minhee စကားကြောင့် လူသိရှင်ကြားထုတ်ပြောဖို့ကိုတော့ ခဏလောက်ရပ်ဆိုင်းထားခဲ့သည်ပေါ့ ။

သူမ ကိုယ်၀န်ရလာတဲ့အချိန်မှာ ဆွီဒင်သွားဖို့တစ်ပတ်ပဲလိုတော့သော်လည်း Minhee နဲ့အတူ လိုက်သွားဖို့ကိုသာ တိုက်တွန်းခံရတော့သည် ။ ထိုနေ့က ဘာမှမသိသော Kyungsoo တစ်ယောက်ကတော့ ဆရာ မလိုက်နိုင်တော့ဘူးဆိုတဲ့အကြောင်းကိုကြားရတဲ့အခါ အသည်းအသန်ငိုကျွေးခဲ့ရသည် ။ ဆရာကတော့ပြောရှာပါတယ် သူ့ခြေထောက်က လုပ်ငန်းခွင်ထိခိုက်မှုကြောင့် ဆရာ၀န်က ၁လလောက်နားဖို့လိုအပ်တယ်ပြောတယ်ဆိုပဲ ။ ထို့ကြောင့် Kyungsoo ဟာ Jongin တို့နှင့်အတူသွားဖို့သာ ပြန်လုပ်ခဲ့သည် ။ မညည်းမညူပဲ သူ့အပေါ်ကောင်းသော လူတစ်သိုက်ကတော့ သူပါအတူလိုက်မယ့်အရေးကို ပိုပြီး ၀မ်းသာနေကြတယ် ။

Secret MonsterWhere stories live. Discover now