မင်းဆီမှ ကျရှုံးခြင်းတွေဆီကနေပြေးထွက်ရင်း ကိုယ့်ကိုကိုယ် အထင်ကြီးနေပြီး ..ခံစားချက်တွေကို ကောင်းကောင်း ထိန်းချုပ်နိုင်တဲ့ လူတစ်ယောက်ပုံစံဖြင့် အရယ်အပြုံးနည်းတဲ့ ငါဟာ အရမ်းကို ပညာသားပါတဲ့ ဟန်ဆောင်မှုတွေကြောင့် ကိုယ့်ကိုကိုယ် ချီးကျူးနေမိသည် ။ အချိန်၏ ကုစားခြင်းကို ယုံကြည်သော ကိုယ်ဟာ မင်းပျောက်ကွယ်သွားမယ့် အချိန်တစ်ခုကို စောင့်ဆိုင်းနေခဲ့သည် ။ ဒီအသက်အရွယ်မှာ ဘယ်လိုအတိုင်းအတာအထိ ရှင်သန်မလဲဆိုပြီး သတ်မှတ်ချက်တွေဖြင့်ပြည့်နေသော ကိုယ့်အတွက် မင်းဟာ အနှောက်အယှတ်တစ်ခုထက်မပိုပါ ။
မင်းဟာ ကိုယ့်ဘ၀ရဲ့ တစ်ခုထဲသော လွှတ်လမ်းတစ်ခုလိုမျိုး ... ကိုယ်ပထမဆုံးဖက်တွယ်မိတဲ့ သံယောဇဥ်အပိုင်းအစလေးဖြစ်လာတဲ့အခါ မင်းဟာ သိပ်ကိုကြောက်ဖို့ကောင်းလာခဲ့သည် ။ ကိုယ်သနားစရာကောင်းအောင်မပြောချင်ခဲ့ပါ သို့သော် ....
" ကိုယ်ကမင်းအတွက် အဲ့လောက်တောင် မျော်လင့်ချက်ကင်းမဲ့သွားပြီလား ? "
Kyungsoo က တစ်ဖက်လူ၏ ညိုးငယ်နေသောပုံစံကိုမျက်နှာလွှဲလျက် ... နောက်တစ်ကြိမ်အဖြစ် တစ်စုံတစ်ယောက်ကို ပြန်လည်၍ မရွေးချယ်မိရန် သူ့ကိုယ်သူ တွန်းအားပေးနေခဲ့သည် ။
" ဆရာ အရာအားလုံးပြီးဆုံးသွားပြီဆိုတာ သတိထားပါဦး ကျွန်တော်ကအခု အိမ်ထောင်ပြုပြီးသွားတဲ့လူတစ်ယောက်ဖြစ်နေပြီ ဆရာသာအခုလိုခေါ်မသွားရင် ကျွန်တော့်အမျိုးသားနဲ့ ဟန်နီးမွန်းထွက်နေရမှာ "
" မင်းမချစ်တဲ့လူကို လက်ခံနိုင်လား ? "
" ဆရာတောင်လက်ခံနိုင်ခဲ့သေးတာပဲ ကျွန်တော်က ဘာလို့လက်မခံနိုင်ရမှာလဲ ? ဆရာလည်း အခုကိုယ့်သားဆီကိုသွားပြန်ကြည့်သင့်တယ် အမ Minhee e တို့ကအခုထိ ခက်ခဲနေတုန်းပဲ လူစိတ်ရှိတယ်ဆိုင်ရင် ကိုယ့်သားသမီးကိုတော့ ပြန်ကြည့်သင့်တယ်လေ "
" မင်းမလိုချင်တော့တဲ့အခါ သူများလက်ထဲထိုးပေးပြီး မင်းလိုချင်တဲ့အခါ ငါ့ခြေထောက်ကိုအတင်းဖက်တွယ်ခဲ့တာ မင်းမဟုတ်တဲ့အတိုင်းပဲ ... အရာအားလုံး မင်းကသာမှန်ပြီး ငါဆိုတဲ့ကောင်ကအမြဲမှားနေတာပဲ "