Ep - 36

126 23 1
                                    

သတင်းတွေအကုန်သိပြီးနောက်မှာ Kyungsoo အမေဟာ သူမအနောက်က သတင်းဖွသူကိုမသိပေမဲ့ သူမသားလေးကို သူတို့ပတ်၀န်းကျင်ကလူတွေ ဒုက္ခမပေးရအောင် သူမ၏ အဖေရဲ့ ညီဖြစ်သူရှိရာ ရွာဘက်ကို ​အခြေအနေတွေငြိမ်တဲ့အထိသွားနေဖို့ပြောလာသည် ။ Kyungsoo ကတော့ သူ့အမေတစ်ယောက်ထဲ ဒုက္ခမရောက်စေချင်တာကြောင့် မသွားချင်ခဲ့ဘူး ။ သူဟာ ဘ၀ကို အေးအေးချမ်းချမ်းလေးနေချင်ခဲ့တာပါ ဒါပေမဲ့ အဲ့လိုနေဖို့အတွက် ထိုမျှလောက်ခက်ခဲမည်ဟုမထင်ထားခဲ့ပါ။ဖြစ်ပျက်သမျှကို ဘယ်ကစပြီး ဖြေရှင်းရမလဲ ဆိုတာကိုလည်း သူမသိတော့ပါ ။ မဟုတ်ပါဘူးလို့ ပြောနေသမျှကို မည်သူကမှ သူ့ကို မယုံကြည်ခဲ့ဘူး ။

ဒါပေမဲ့ ကောင်လေးတစ်ယောက်ကတော့ လူတစ်ချို့တင်ထားသော သူ၏ ပုံများကိုကြည့်ကာ ထိုပုံများက သူ့ကလွဲအခြားလူများကို ဖျက်ပေးထားတာကြောင့် သူ့ကိုယ်သူ စိုးရိမ်ဖို့ကိုမေ့ကာသူငယ်ချင်းတွေ နဲ့ chanyeol အတွက် ပြသနာမဖြစ်စေဘူးဆိုတဲ့အသိက သူ့အပူကိုတစ်၀က်ငြိမ်းသွားစေသည် ။ တစ်ဖက်မှာတော့ Kyungsoo ၏ ပထွေးဖြစ်သူ ၏ Company ဟာ ရှယ်ယာအတော်များများထိုးကျလာပြီး ဒေ၀ါလီခံရမလိုဖြစ်နေပြီဖြစ်သည် ။ ဒါပေမဲ့ ထိုလူက သူတို့သားအမိကိုပြောရှာပါတယ် ။ သူ့ဘ၀ရဲ့ အချိန်တွေအကုန်ပေးပြီတည်ဆောက်ထားတာကြောင့် တော်ရုံမပြိုလဲပါဘူးဟုဆိုကာ ပြန်၍ တောင်နှစ်သိမ့်ပေးလာသည် ။ Kyungsoo ကတော့ ပြစရာမျက်နှာ မရှိတော့ပါဘူး ... သူဟာ တကယ်ကို ဘာမှလုပ်နိုင်စွမ်းမရှိတဲ့လူတစ်ယောက်ပါ ။ လူတွေကို ဒုက္ခပေးဖို့ ရှင်သန်လာမိတာလား မပြောတတ်ပါ ။

အဲ့ပြသနာဖြစ်ပြီး ၁လကျော်လောက်ကြာတော့ Kuungsoo ပထွေး၏ Company Share ရှင်ဖိတ်ခေါ်ပွဲ၌ တစ်ဖက်က အမည်မသိ သူဌေးတစ်ယောက်က ငွေကြေးအမြောက်အများထောက်ပံ့လာတာကြောင့် ထင်သလောက်တော့မပြိုလဲခဲ့တော့ပါဘူး ။ Kyungsoo အမေတို့ကလည်း Social media ပေါ်တွင် ဟိုးအရင်ကသူတို့ အချစ်ဦးစဖြစ်တုန်းက ပုံလေးကိုတင်ပြီး အခုလက်ထပ်သည့်ဓာတ်ပုံတွေကိုပါချပြခဲ့ပြီး လူတွေကို ငွေကြောင့်လက်ထပ်တယ်ဆိုတဲ့ ကိစ္စကိုပါးစပ်ပိတ်အောင်လုပ်နိုင်ခဲ့သည် ။ ဒါ့အပြင် အတင်းကို အတင်းနဲ့ ပြန်ပိတ်ရသလို Sehun နဲ့ Jongin ကလည်း သူတို့ ဂျာမနီမှာ အတူရိုက်ထားသော ပုံတွေကို သူတို့၏ လူသိများတဲ့ Ig တွေမှာတင်ပြီး သူငယ်ချင်းဆိုတဲ့ စကားကိုတွင်တွင်ပြောပြီး စနောက်သလိုဖြင့် Sehun က Suho  Kyungsoo နဲ့ သူ့ပုံကိုတင်ပြီး  ( ကျွန်တော့်ယောကျ်ားဘေးနားမှာ ရှိနေတော့ အခြားလူကိုမတွေးနိုင်ဘူး ) ဆိုတဲ့ caption ဖြင့်တောင် တင်ထားသေးသည် ။ ကျိတ်ကျိတ်တက် သူဌေးသားတွေက သူတို့သူငယ်ချင်းဖြစ်သူကို ကာကွယ်ပေးနေတာကြောင့် လူတွေကလည်း Kyungsoo အကြောင်းကို အရင်ကလောက် လုံး၀မျက်စိမှိတ်မယုံကြတော့ဘူးပေါ့ ။ အရင်လိုလည်း Kyungsoo ကို အပျက်ကောင် စသည်ဖြင့် မက်ရိုင်းတဲ့ အသုံးတွေလည်း မသုံးကြတော့ဘူး ။

Secret MonsterWhere stories live. Discover now