Note

200 33 4
                                    

အပေါ်မှာလည်း ရှင်းပြထားပေမဲ့ ဒီ Fic က  Kyungsoo ကို Mainlead ထားတဲ့အတွက် ဇာတ်ကောင်ပုံစံ ကိုနားမလည်မှာစိုးလို့ရှင်းပြပါ့မယ် ။

ပထမဆုံးအကြိမ် လူတစ်ယောက်ကိုချစ်ဖူးလား ? တစ်ချို့လူတွေကြတော့အချစ်ကို ရဲရဲ၀ံ့၀ံ့ထုတ်ပြောတတ်ကြပြီး တစ်ချို့ကတော့ အတွေးတွေတသီကြီးနဲ့ ပူပန်တတ်ကြတယ် ။

Kyungsoo က သူ Chanyeol ကိုစသဘောကျပြီလို့သိတဲ့အချိန်မှာ သူ့ကိုယ်သူ ယောကျ်ားလေးတစ်ယောက်ကိုကြိုက်တဲ့လူလို့ဆိုပြီးအရမ်းတုန်လှုပ်ခဲ့ပြီး အရမ်းကြောက်ခဲ့တယ် ။ အမြဲနောက်ပြန်ဆုတ်ပေမဲ့ နောက်ဆုံး Chanyeol ကိုထားတဲ့အချစ်ကြောင့် ယောကျ်ားလေးတစ်ယောက်ကို သူချစ်မိတယ်ဆိုပြီးလက်ခံလိုက်တဲ့အချိန်မှာ Chanyeol ကို သဘောကျတဲ့ကောင်လေးကျောင်းထွက်လိုက်ရတာနဲ့ပတ်သတ်ပြီး Chanyeol ကGay တွေကို သဘောမကျတဲ့လူလို့ သူထင်တဲ့အပြင် ငယ်သေးတဲ့လူတွေကို သဘောမကျဘူးဆိုပြီး သူသဘောကျနေပေမဲ့ ဖွင့်မပြောခဲ့ဘူး ။

Kyungsoo  ရဲ့ပုံစံက သူ့စိတ်ကိုအပြည့်အ၀မဖော်ပြတတ်တဲ့ပုံစံမျိုးဖြစ်ပြီး သူ့ဘ၀မှာ ရည်းစားမထားခဲ့ဖူးတာကြောင့် လူတစ်ယောက်က သဘောကျတဲ့အရိပ်အယောင်ပြရင်တောင် သူသိမှာမဟုတ်ဘူး ။ သူကစပြီး ဖွင့်ပြောဖို့အရမ်းကြောက်နေတဲ့လူမျိုးပေါ့  အရမ်းအတွေးများတယ် ။ သူ့အနေနဲ့ Chanyeol ရဲ့ သိက္ခာပိုင်းဆိုင်ရာ နဲ့ အကုန်လုံးတွေး တွေးပေးနေပေမဲ့ ။ သူ့ပုံစံကတော့ အေးစက်စက်ပဲ ။

သူသဘောကျနေတဲ့အကြောင်းကို အချစ်ဆုံး သူငယ်ချင်းဖြစ်တဲ့ Sehun ကိုတောင် သူပြောမပြခဲ့ဘူး ။

Baekhyun ဖွင့်ပြောတယ်ဆိုတဲ့အကြောင်းကြားတုန်းကတောင် ကောင်လေးက ဒီလောက်လူတွေအများကြီး တပည့်တွေအရှေ့မှာ အဲ့စကားကိုပြော မလားဆိုပြီး CY ဆရာဂုဏ်ပုဒ်အတွက် စိုးရိမ်နေခဲ့တာမျိုးပေါ့ ။

သူဟာတစ်လျှောက်လုံး အမြဲတမ်းစိုးရိမ်ပြီး တစ်ဖက်လူကိုပဲ အရိပ်တကြည့်ကြည့်နဲ့ ချစ်နေခဲ့တယ် ။ တစ်ဖက်ကိုအရမ်းတွေးပေးတဲ့အခါ သူ့ကိုယ်သူမေ့လျော့သွားတာနေမှာပေါ့ ။ သူ့ကိုယ်သူ စတွေးတဲ့အခါမှာတော့ ပျောက်ဆုံးနေပြီ

Secret MonsterWhere stories live. Discover now