Ep - 21

264 49 13
                                    

"    နောက်နေ့မှမွေးနေ့လက်ဆောင်ပေးတော့မယ်နော်    "

"    မွေးနေ့လက်ဆောင်က မွေးနေ့မှာပေးမှ ရတာလေ နောက်ရက်ပေးရင် လကိဆောင်သက်သက်ပဲဖြစ်နေမှာပေါ့     "

"     ငါကမင်းမွေးနေ့မှမသိတာကို ဖိတ်ထဲကအဲ့လိုပြောလေ     "

"     အခုပေးလို့ရတဲ့မွေးနေ့လက်ဆောင်ရှိတယ် ပေးမှာလား ?     "

"     ဘာလဲ ?    "

Kyungsoo မျက်လုံးအ၀ိုင်းသားလေးဖြင့် Jongin ကိုကြည့်နေသည် ။ အခြားလူတွေကလည်း ထိုမြင်ကွင်းကိုစိတ်၀င်တစားကြည့်နေကြတယ် ။ အဲ့အချိန် Jongin က ရုတ်ခနဲဆိုသလို Kyungsoo ရဲ့ပါးလေးတစ်ဖက်ကို နစ်၀င်သွားတဲ့အထိ နမ်းရိှုက်လိုက်သောကြောင့် VIP ROOM ကြီးဟာ ရုတ်တရက်တိတ်ဆိတ်နေရာမှ ဆူညံသွားတော့သည် ။ အနမ်းခံရသော kyungsoo ကတော့ အလန့်တကြားဖြစ်သွားပြီး Sehun တို့ကတော့ အဓိပ္ပာယ်သိသွားသော မျက်လုံးများဖြင့် သဘောတကျ ပြုံးဖြီးဖြီးဖြစ်နေကြရာမှ Baekhyun က

"     Woooo အချစ်ငှက်လေးတွေ ငါ့အရှေ့မှာ ခွေးစာလာကျွေးနေတယ်    "

Kyungsoo ကတကယ့်ကိုအဖြူထည်လေး သူသူစိမ်းယောကျ်ားလေးတစ်ယောက်ဆီက နမ်းတာမခံဘူးသလို မိန်းကလေးတစ်ယောက်ဆီကလည်း အဲ့လိုမလုပ်ခံရဘူးပါ ။ သူပိုပြီး ထိတ်လန့်မိတာက တစ်ဖက်က ဆရာ!!!  လှည့်ကြည့်လိုက်တော့ ထင်တဲ့အတိုင်း သူ့ကို ဒေါသထွက်စွာကြည့်နေခဲ့တယ် ။ ဒါက သူ့အမှားမဟုတ်ဘူးဆိုတာ ဆရာသိတယ်မှတ်လား ???

"     ကျေးဇူးပါ မွေးနေ့လက်ဆောင်လေးက မွှေးနေတာပဲ    "

ထိုစကားကြောင့် Kyungsoo နားရွက်လေးတွေရဲလာတဲ့အထိ ရှက်နေတော့သည် ။ Jongin က တကယ့်လူရှုပ်လေးပဲ သူ့ကိုမမေးပဲ နမ်းလိုက်တာလေ ။ သူငယ်ချင်းတွေကလည်း မီးလောင်ရာလေပင့်တဲ့စကားတွေပြောလိုက်တာများဆိုတာ နေစရာကိုမရှိဘူး။ မနည်းသည်းခံပြီးနေရင်းမှ Party ပွဲမပြီးခင်ပြန်ရသည် ။ ကားပါကင်မှာ ဆရာ့ကားလိုက်ရှာတော့ ကျေးဇူးရှင်က ကားထဲတောင်ကြိုရောက်ပြီး သူ့ကိုစောင့်နေသည်ဖြစ်တယ်။ ခဏနေပါဦး သူကဘာအမှားလုပ်လို့ ကြောပ်နေရမှာလဲ ??

Chanyeol တစ်ယောက် သူ့ကားထဲ၀င်လာသော ကောင်လေးရဲ့ပါးကိုကြည့်ကာ ခုဏကအဖြစ်အပျက်များခေါင်းထဲတန်းစီ၀င်လာတယ် ။ Jongin ကဒီနေ့ Kyungsoo ကိုသူ့ချစ်သူလို့မပြောရုံတမယ် လူတွေကိုထုတ်ကြွားသွားခဲ့သည် ။ ဒါကို Kyungsoo လိုပြသနာကိုရိုးရိုးရှင်းရှင်း တွေးတက်တဲ့လူကတော့ သိမှာမဟုတ်ဘူးပေါ့ ။ ပိုင်စိုးပိုင်းနင်း အပြုအမူတွေက မွေးနေ့ရှင်ကို မျကိစိဒေါက်ထောက်ကြည့်နေသူများအတွက် ကုန်ကြမ်းရှာဖို့လုံလောက်တာထက်ပိုမှာပေါ့ ။ တခြားသူအငွေ့အသက်တွေ ပြည့်နေသော အသားစိုင်လေးကို ကြည့်ကာ နာကျင်နေတယ် ။ Kim Jongin ဆိုတဲ့ သူဌေးသားလေးက ဘယ်လောက်တောင် ဆိုးသွမ်းလဲဆိုတာ ဒီကလေးသိအောင် သူဘယ်လိုပြောရမှန်းမသိဘူး ။

Secret MonsterWhere stories live. Discover now