Ep - 25

219 49 15
                                    

ကျွန်တော့်ရဲ့ မာနတရားတို့ တစ်စက်မှမကျန်ရှိအောင် ထိုသူ့အရှေ့ဒူးထောက်ရင်း ငိုကြွေးမိတဲ့ ကိုယ့်ကိုကိုယ်မထိန်းနိုင်တော့ပါ ။ ပိုချစ်တဲ့လူက အရံှုးဆိုတဲ့ စကားကို လက်ခံလိုက်ပါပြီ ကျွန်တော့်အတွက်ကတော့ အရှုံးထက်တောင်ပိုနေပါပြီ ။ ဒီလိုပဲ ဆရာ့ကိုမှ မရရင်ရူးသွားတော့မယ်ထင်လို့ . . . ကျွန်တော် ကိုယ့်ကိုကိုယ်ကြောက်တယ် ကယ်တင်ပေးပါဦး ။

"     ဆရာ မရှိရင်မဖြစ်ဘူး  ကျွန်တော့်မှာ ရွေးချယ်စရာမရှိဘူး  ခင်များကိုပဲ လိုချင်တယ်    ကျွန်တော် ရူးတော့မယ် ထင်တယ်  "

"    မင်းက အရမ်းတစ်စွတ်ထိုးဆန်တဲ့အကျင့်လည်း ရှိတာပဲလား ? အခု ကိုယ့်ကိုနှောက်ယှတ်နေတာလား   "

"     ကျွန်တော် မှာ ရွေးချယ်စရာရှိလို့လား ? ဆရာက လက်ထပ်တော့မှာလေ ...   "

"     မင်းသိရင်ရပ်လိုက်သင့်တယ် Kyungsoo ကိုယ်တောင်းဆိုနေတာပါ  အဲ့လိုလုပ်မနေနဲ့တော့     "

Kyungsoo ကတော့ အဆုံးအထိ ဒူးထောက်လျက် ထိုလက်တို့အား လွှတ်ရန်အစီအစဥ်ရှိတဲ့ပုံ လုံး၀မပေါ်ပါ ။ သူ့အသိတရားတွေဟာ ပုံမှန်မဟုတ်တော့တာသေချာတာပေါ့ ဒီပျက်သားနေတဲ့ မျက်လုံးတွေက kyungsoo ဆိုတဲ့ကောင်လေးဟုတ်ရဲ့လားလို့တောင် ပြန်မေးယူရတဲ့အထိ ကြောက်ဖို့ကောင်းနေတယ် ။ သူဟာ အခုမှ အသိတရားလှုပ်နိုးခံရတဲ့ သေခါနီးလိုပဲ ကြောက်အားလန့်အားနဲ့ မသေဖို့အတွက် ဘာရင်းရ ရင်းရ ရှင်သန်ဖို့လုပ်နေသလိုပဲ ။

အရင်က ရှက်ရွံ့နေပြီး ထွက်ပြေးနေတဲ့ အသိတရားချို့တဲ့နေတဲ့ကောင်ကို မြောင်းထဲ လွှင့်ပစ်လိုက်ပါ ။ သေချာတာတော့ အဲ့လိုသူ့ကိုယ်သူမစွန့်ပစ်တဲ့အခါ ဆရာ့ကို ဆုံးရှုံးရတော့မည် ....

"    ရပ်ဖို့တွေးထားရင် ဆရာ့ဆီတောင်မလာခဲ့ဘူးလေ ... ကျွန်တော်ရပ်မယ်ထင်လို့လား ? လူနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ချစ်ရဲ့သားနဲ့ ဘာလို့ရပ်ပစ်ရမှာလဲ "

"     အရင်က အကြောင်းတွေလို့ ပြောတယ်လေ အခု မင်းကို ..... "

"    ဟင့်အင်းးးးးအရင်ကရော အခုအကြောင်းရော မလိုဘူး ... ဖြစ်လာမယ့်အကြောင်းတွေပြောရင်ရော ? ဥပမာ ဆရာက ကျွန်တော့်ကို ပြန်ပြီးချစ်သွားတယ်တို့ ဒါ့မှမဟုတ် အရင်လိုချစ်နေသေးတာ ဖြစ်ဖြစ်ပေါ့   "

Secret MonsterWhere stories live. Discover now