Ep - 46

243 18 1
                                    

ဆရာနဲ့အတူရှိနေတာ နာရီ​ပေါင်း 264 နာရီရှိပြီး အိပ်ယာခွဲ အခန်းခွဲအိပ်ကြပေမဲ့ တစ်နေ့လုံး ဘာမှလုပ်စရာမရှိပဲ အတူရှိနေကြသည် ။ တစ်ခါတစ်လေ ကမ်းစပ်မှာ ထိုင်နေတတ်ပြီး အဆုံးမရှိတဲ့ပင်လယ်ပြင်ကိုငေးရတာလည်း ၀ါသနာတစ်ခုလိုဖြစ်နေသည် ။ အခုလိုမျိုး ဘယ်သူမှမရှိတဲ့နေရာတစ်ခုမှနေဖို့ အရင်ကတော့ စိတ်ကူးယဥ်ခဲ့ဘူးတယ်။ တကယ်တမ်းကြတော့ ပျော်စရာမကောင်းပေမဲ့ ငြိမ်းချမ်းမှုတော့ရသည် ။ ထိုအချိန်အတွင်းမှာ ဆရာ့ပုံစံကတော့ပျော်ရွှင်နေသလိုပဲ ဒီလူက သူ့ကို အဖိုးတန်အရာတစ်ခု ကျပျောက်မှာစိုးရိမ်နေသလို အမြဲတမ်း အရိပ်တကြည့်ကြည့်ဖြင့်နေတတ်သည် ။ သူတစ်ခါတစ်လေတော့ Jongin ကိုတွေးမိသလို တစ်ခါတစ်လေတော့လည်း ဆရာပြောတဲ့အတိုင်း ကိုယ့်စိတ်ကိုပြန်ပေးမိသည် ။အဲ့လိုတွေးမိတိုင်း သူ့ကိုယ်သူ လူဆိုးတစ်ယောက်လို ခံစားမိရုံသာ ....

Jonginကိုလွမ်းလားမေးလျှင် သူ့ကိုအရမ်းချစ်ပေးတဲ့လူသားမို့ သတိရသည် ။ တစ်လတောင်ပြည့်တော့မယ် သူ့ကိုတကယ်ပဲ လာမရှာတော့ဘူးလား ? ဒါ့မှမဟုတ် ဆရာ့ဆီကို သူကိုယ်တိုင်လိုလိုလားလား သွားနေတာလို့တွေးနေမလား ? ဘယ်လောက်ပဲ ယုံကြည်စိတ်ချမှုတွေပေးနေပါစေ သူ့အပေါ်ကို အမြဲတမ်း စိတ်မချဖြစ်နေတတ်သော Jongin ကို ပြောချင်တယ် ငါက မင်းကိုသစ္စာဖောက်မယ့်လူမဟုတ်ဘူး ။ ဒါ့အပြင် သစ္စာဖောက်ခံရတဲ့နာကျင်မှုကို ကောင်းကောင်းသိတဲ့လူမို့ ပိုပြီးလည်း နားလည်သည် ။ အချစ်တစ်ကို မမေ့နိုင်ပဲ နစ်မွန်းနေတဲ့လူမဟုတ်ပါဘူး ... သူ့ကိုယ်သူ ယုံကြည်ချက်ရှိရှိ မင်းကိုမချစ်နိုင်သေးရုံသာ .... အချိန် ၁၁ရက်ကုန်သွားသည့်တိုင် ဆရာ့အပေါ်ထားတဲ့စိတ်တွေဟာ ပိုပြီးတည်ငြိမ်လာသည် ။ အရင်က သူ့ကိုယ်သူ ဆရာနဲ့တွေ့လျှင် စိတ်လှုပ်ရှားနေမိမှာစိုးရိမ်မိသော်လည်း တကယ်တမ်းတော့ မဟုတ်ခဲ့ ။ ဒီတစ်ခါတော့ သူ့ခံစားချက်တွေ တကယ်ပဲ အေးစက်နေပြီနဲ့တူပါတယ် ...

" ကလေး အိမ်ထဲ၀င်တော့အေးတယ်  "

" ခဏနေလာခဲ့မယ်  ဆရာ၀င်နှင့်လေ "

ညနေ နေ၀င်ချိန် မိုးကောင်းကင်မှိန်ဖျဖျအောက်မှာ လှိုင်းကျက်ခွပ်တွေထနေတဲ့ ရေပြင်ကို ကြည့်ရင်း ကမ်းတစ်ဖက်ကို သူကူးခက်သွားချင်သည် ။ အေးစက်နေတဲ့ လေပြေညှင်းတွေ .... အေးစက်နေတဲ့ဆက်ဆံရေးတွေကြားမှာ ပျက်တောက်သွားတဲ့ ကံကြမ္မာတွေကိုဆက်သွယ်ဖို့ကြိုးစားနေတဲ့ လူတစ်ယောက်လိုမျိုး သူ့ကိုယ်သူ အားတင်းနေတဲ့ မျော်လင့်ချက်အပိုင်းအစများထဲမှာ သနားစရာ​ကောင်းလွန်းနေသည် ။ အစကနေအဆုံးအထိ ချစ်မြတ်နိုးခဲ့ပါတယ်လို့ ယုံကြည်မှုတွေရှိသော်လည်း အချစ်တွေက ဘာကြောင့်များ သက်ရောက်မှုမရှိရတာလဲ ? ကိုယ်တို့ဘာတွေမှားယွင်းခဲ့တာလဲ ? မင်းဘာကြောင့်များ ကိုယ့်အပေါ် နားမလည်ပေးနိုင်ခဲ့ရတာလဲ ???

Secret MonsterWhere stories live. Discover now