Ep - 49 ( uni )

180 16 2
                                    

တစ်ဖက်တွင် Kyungsoo ဟာ သူ့နာမည်ပေါက်ဖြင့်ပေးထားသော Chanyeol ကိုပိုင်ဆိုင်မှုများအား အကုန်လက်မှတ်ထိုးကာ ပြောင်းထားခြင်းကြောင့် Company မှာ ပြသနာတက်နေပြီး အားလုံးက Chanyeol ကို CEO ရာထူးကဖယ်ပေးရန် ပြောနေကြသည် ။ ဘဏ်ကဒ်ကအစ သုံးမရတော့ပဲ ရှယ်ယာတွေထိုးကျပြီး အခြား ရှယ်ယာ ရှင်တွေက သူတို့အား လက်တစ် လုံးခြားလုပ်ကာ Company ရောင်းကာထွက်ပြေးသွားတော့မည်ကို စိတ်ပူနေကြသည် ။ ဒါ့ကြောင့်အကုန်လိုက်စုံစမ်းမိတော့ Kyungsoo က အကုန်လက်မှတ်ထိုးကာ Kim Group အားအကုန်လွဲပေးခဲ့ခြင်းဖြစ်ပြီး အိမ်နှင့် မြေများပါမကျန်အကုန်ဖြစ်သည် ။ ဘာလို့ဒီလိုလုပ်နေမှန်း သူမသိပေမဲ့ Kyungsoo ကိုမေးရန်အိမ်ကိုသာပြန်ခဲ့သည် ။ သို့ပေမဲ့ အဲ့အချိန် သူ့အိမ်တစ်ခုလုံးမှာ တိတ်အနီတွေအပြည့်ကပ်ထားသည်မှာ သူသုံးတဲ့ Computer ပါမကျန်အကုန်လုံးဖြစ်၏ ။

Kyungsoo က အလောတကြီးပြန်လာသော Chanyeol ကို ဘာမှမပြောပဲ ခရီးဆောင်အိတ်များဖြင့် အထုပ်များကိုသာထုပ်နေသည်မှာ ရိုးရှင်းလွန်း၏ စျေးကြီးတဲ့နာရီတွေအကုန်လုံးကိုတောင် သူအကုန်ရောင်းပြီး ဘဏ်ထဲပစ်ထည့်ကာ Jongin ကိုအကုန်ပေးလိုက်ခြင်းဖြစ်သည် ။ အခုဆို သူတို့၂ယောက်က အိမ်တစ်လုံးတောင်မပိုင်တော့ဘူး တကယ်လို့ဘာမှမလုပ်ပဲနေမယ်ဆို နောက်လတောင် စားစရာရှိဖို့မသေချာတဲ့အထိ Kyungsoo က Chanyeol ရဲ့ ပိုင်ဆိုင်မှုများအား ဖျက်စီးပစ်လိုက်ခြင်းဖြစ်သည် ။ ဒီငွေကြေးတွေကြောင့် ဒီချမ်းသာမှုတွေကြောင့် Chanyeol ကသူ့ရဲ့ အိမ်မက်တွေကိုဖျက်စီးခဲ့တာမဟုတ်လား ? အကုန်လုံးကိုသူပြန်ဖျက်စီးပစ်ဖို့ ၀န်လေးနေမှာမဟုတ်ဘူး ။

"    အခုဘာလုပ်နေတာလည်းသိလား ?  "

"   သိတယ်လေ အခုဆရာလက်ထဲမှာ ပိုက်ဆံ ၁သိန်းတောင်မပြည့်ဘူးမှတ်လား ? ဒါပေမဲ့ ကျွန်တော့်လက်ထဲမှာတော့ ၃သိန်းလောက်ရှိတော့ ဆရာ့ထက်ချမ်းသာနေတယ်ခံစားရတယ်  "

"   ဘာလို့ဒီလိုတွေလုပ်နေတာလည်း လောကမှာ ပိုက်ဆံမရှိပဲ ရပ်တည်နိုင်မယ်ဆိုတာ သေချာနေတာလား ?  "

"   မသေချာဘူး ဒါပေမဲ့ ကျွန်တော်အခု စိတ်တွေပေါ့များနေတယ်လို့ခံစားရတယ် ... ကျွန်တော့်အိမ်မက်တွေပျက်စီးသလို ဆရာကျွန်တော့်ကိုယုံကြည်ထားတဲ့ အရာတွေကိုလည်း ဖျက်စီးလိုက်ရလို့ ပေါ့ပါးနေတယ် ဒါက ကျေပြီမဟုတ်လား ?  "

Secret MonsterWhere stories live. Discover now