Ep - 23

205 46 2
                                    

ဂျာမနီကို Sehun တို့ပြောင်းလာတော့ Kyungsoo အတွက် အစစအရာရာက အရင်ကထက်ပိုပြီးအဆင်ပြေလာခဲ့သည် ။ အဲ့လိုဖြင့် ၂နှစ်ဆိုတဲ့အချိန်ဟာ အလွယ်လေးကုန်ဆုံးပြီးနောက်မှာ Jongin က Kyungsoo ကသူ့ခံစားချက်တွေကိုဖွင့်ပြောခဲ့သည် ။ အစက Kyungsoo အနေဖြင့် လူတစ်ယောက်အား အသည်းအသန်မေ့ဖို့အတွက် သူ့ကိုယ်သူလိုအပ်နေတယ်လို့ ခံစားရတာကြောင့် Jongin နဲ့တွဲဖို့ဆုံးဖြတ်ခဲ့သည် ။ တစ်ဖက်က သူ့အားအရမ်းချစ်ပြ ဂရုစိုက်ပြတဲ့အခါမှာ သူ့အနေဖြင့် ထိုလူပေးတဲ့မေတ္တာတွေကိုပြန်တုံ့ပြန်ဖို့အနေအထားမရှိပါ ။ ဒါ့ကြောင့် အချိန်တိုင်းအားနာနေမိတယ် ဖယ်ခွာနေမိတယ် ။ ချစ်သူရည်းစားတွေအနေဖြင့် အနှိမ့်ဆုံးအဆင့်လက်ကိုင်တာ နမ်းတာလောက်တောင်သူ့ဘက်ကနေ တွန့်တိုမိသည် ။

Sehun တို့အုပ်စုကလည်း သူတို့နှစ်ယောက်ကိုအရမ်းသဘောတူကြတော့ အဆင်ပြေလိမ့်မယ်ပေါ့ ။ ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှ Jongin အပေါ်ထားတဲ့စိတ်တွေဟာ ထင်သလောက် ခရီးမရောက်ခဲ့ပါ ။ ကိုယ့်ကိုကိုယ်မုန်းမိသလို အတော်လေးလည်းစိတ်ပျက်မိပေမဲ့ အခုထိ ထိုလူအားမေ့မရခဲ့ပါ ။ ဒါ့ကြောင့် ၅လအကြာမှာ ရည်းစားအဖြစ်ကနေပျက်ဆဲသွားကာ သူငယ်ချင်းတွေအဖြစ်ပြန်ရောက်ခဲ့သည် ။ ဗီဇာအရ ၂နှစ်ပြည့်တဲ့အခါ အလုပ်ကနေရော ခွင့် ၁၀ရက်ရတာကြောင့် Kyungsoo တစ်ယောက် sehun တို့နှင့်အတူ Korea ကိုပြန်လာဖြစ်ခဲ့သည် ။

Kyungsoo အိမ်ပြန်ရောက်တာနဲ့မထင်မှတ်ထားစွာ အမေကသူ့အား သူမရဲ့ချစ်သူနှင့်မိတ်ဆက်ပေးခဲ့သည် ။ သို့သော် Kyungsoo ကတော့ သဘောတူပါတယ် ဘာကြောင့်ဆို သူရဲ့အမေရဲ့ဘ၀ကလည်း အခုမှ ပိုပြီးနုပျိုးလန်းဆန်းလာတယ်ဟု Kyungsoo ထင်မိသည် ။ အရင်ကဆို အမေက လှလှပပအ၀တ်အစားတွေလည်းမ၀တ်ဘူး သူမသုံးမယ့်အထဲက Kyungsoo ကိုသာ အစစအရာရာပံ့ပိုးခဲ့သည် ။ အခုတော့ အသက် 45 နှစ်အရွယ် အမျိုးသမီးဖြစ်မူ ပန်းနုရောင်ဂါ၀န်လေးဖြင့် လှလွန်းပါသည် ။ Kyungsoo ဒီတစ်ခေါက်ပြန်လာတာ အရမ်းမှန်သည် ။ အမေကတော့ ပြောတယ် သူဟိုမှာဘွဲ့ရလို့ပြန်လာတဲ့အချိန်မှ လက်ထပ်မှာပါတဲ့ ။ လူကြီးလူကောင်းဆန်လာသော တစ်ဖက်က လူကတော့ အမေပြောသမျှကို အပြုံးလေးဖြင့်လက်ခံသည် ။ လူပျိုကြီးပါတဲ့ အမေဟာ သူ့အချစ်ဦးနဲ့ ပြန်တွေ့တဲ့အကြောင်းတခန်းတနားပြောပြန်သည် ။

Secret MonsterWhere stories live. Discover now