Ep - 12

286 50 11
                                    

ဦးနှောက်ဆဲလ်တွေ ပျက်စီးသွားတဲ့အထိ အချစ်​ဟာ အနိုင်ယူတော့ ကျွန်တော့်ကိုယ့်ကိုသာအပစ်တင်ရင်း ကျွန်တော့်​ရဲ့မပြည့်စုံခြင်းတွေကို ၀မ်းနည်းမိပါတယ် ။ အရာအားလုံးဟာ ခက်ခဲခဲ့ပါကြောင်းနှင့် ကိုယ့်ကိုကိုယ်မထိန်းချုပ်နိုင်​ကြောင်း ပြောပြချင်ပေမဲ့ ထိုသို့ပြောဖို့တောင်အဆင့်မရှိခဲ့ပါဘူး ။ ကျွန်တော့်ခေါင်းထဲမှာ ကျွန်တော့်ကြောင့် ဆရာမထိခိုက်ဖို့သာ  ရှိပြီး အတ္တတွေကိုမြုပ်နှံထားပါတယ် ဒါဟာလွယ်ကူတယ်လိုထင်ရင်လည်း ရှိပါစေတော့ ။ ဆရာလုပ်သမျှဟာ မှန်သော်ရှိရှိ မှားသော်ရှိ ဘာမှမပြောနိုင်သော ကျွန်တော်ရယ်  ကျွန်တော့်အားနည်းချက်ကို ရိပ်မိနေသော ဆရာရယ် ။

မောပန်းနေသော စိတ်နှလုံးကို ထပ်ပြီးမနာကျင်စေလိုချင်းငှာ Kyungsoo ဟာ သူအရင်တစ်ခေါက်နေခဲ့သောအခန်းကိုသာ ဦးတည်သွားလိုက်ပြီး Chanyeol ကိုလှည့်မကြည့်ခဲ့ဘူး ။ တကယ်တော့ သူအရမ်းတုန်လှုပ်နေလို့ တစ်ဖက်လူနဲ့ မျက်နှာခြင်း မဆိုင်ရဲခဲ့ပါဘူး ။  Chanyeol ကတော့ သူစိတ်လွတ်စွာပြုမူခဲ့သော လုပ်ရပ်ကြောင့် ထိုညက တစ်ညလုံး အရက်သောက်နေခဲ့သည် ။ ဒီအကြောင်းကို အိပ်ခန်းထဲက တစ်ယောက်သောသူကတော့ သိဟန်မတူပါဘူး ။

ပါးပြင်က အနီရောင်ဟာ မနက်အထိသေချာမသက်သာသေးဘူး ။ Chanyeol ကရေခဲအိတ်အား Kyungsoo အားလှမ်းပေးလျက်

" ကပ်လိုက် မင်းအမေမြင်ရင် မကောင်ဘူး "

အသာတကြည်ယူကာ ပါးပြင်ပေါ်သို့ ရေခဲအိတ်လေးတင်လိုက်ကာ အသင့်လုပ်ပေးထားသော မနက်စာကို တိတ်တဆိတ်စားနေလိုက်သည် ။ မနက်စတွေ့ထဲက သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်စကားမပြောဖြစ်ကြဘူး ။ ဒါပေမဲ့ Kyungsoo ကစတင်၍ ပြောတယ် ။

"    ဆရာ ကျွန်တော်အချိန်ပိုချိန် မလာဖြစ်တော့ဘူး  လာမယ့်စာမေးပွဲကို 70 ရအောင်ဖြေပေးပါ့မယ် ဒါပေမဲ့ ဆရာ့ဆီမလာချင်တော့ဘူး ။ တကယ်လို့ 70 မ ရရင်လာခဲ့ပါ့မယ်     "

"    ကောင်းပြီလေ    "

"    မနက်စာအတွက်ကျေးဇူးတင်ပါတယ် ကျွန်တော်အိမ်ကို Bus ကားနဲ့ပဲပြန်လိုက်ပါ့မယ်     "

Secret MonsterWhere stories live. Discover now