Ep - 47

457 23 4
                                    

Seoul မှာ ဒီည မိုးတွေရွာနေတယ် မှန်ပြတင်းတံခါးကနေ စီးကျနေတဲ့ မိုးရည်တွေကို ငေးရင်း မှိန်ပြပြသာရှိသော အခန်းအတွင်းမှာ အရက်နံ့တွေမွန်ထူနေတာကို သည်းခံပြီးနေနေရသည် ။ ခါးအထပ်မှာ တင်းတင်းကျပ်ကျပ်ဖက်တွယ်ထားသော လက်မောင်းတစ်စုံကို ဖြုတ်ချဖို့အတွက်ထက်ကို ထိုလက်တွေများ အပေါ်ကနေ ကိုင်ဆွဲထားမိတယ် ။ ဒီည သူအတော်လေး ပင်ပန်းထားတာကြောင့် မလှုပ်နိုင်ဘူး ။

Jongin  Company ကနေဖြုတ်ချခံရပြီးနောက်မှာ သူ့အိမ်ကိုမှာ ချေးငွေအတွက် သိမ်းယူခံလိုက်ရပေမဲ့ ကုန်း​ကောက်စရာမရှိအောင်မွဲသွားသည်တော့မဟုတ် ... သို့သော်လည်း ပြန်၍ နလန်ထူဖို့အတော်လေး အလှမ်း​ေ၀းသေးသည် ။ အဲ့နေ့က သတင်းကြားကြားချင်း Taemin တစ်ယောက် Jongin ကို Company ကိုပြေးသွားခဲ့သည် ။ CEO ပြုတ်တာထက် Kyungsoo မရှိတော့တဲ့မကြောင်းကြောင့်ပို၍ မျက်နှာပျက်နေသော Jongin ကို Taemin ထိုလူအား လိုက်ရှာဖို့ကူညီဖို့ပြောသော်လည်း ။ တစ်ဖက်က စိတ်ပျက်အားလျော့နေသော Jongin က သူ့၀မ်းနည်းခြင်းကို မနည်းမြိုသိပ်ကာ .... မထူးတော့ဘူးဟု ပြောလာသည် ။

အစထဲက သူ့ကို မချစ်တဲ့လူသားတစ်ယောက်ကို အချစ်ကြီးချစ်ပြီး ပိုင်ဆိုင်ရရင်ပျော်မယ်ထင်ထားပေမဲ့ အမြဲတမ်း သူများပစ္စည်းလေး ပြန်ပါသွားမှာစိုးလို့ပူလောင်နေခဲ့ရတယ် ။ အခုတော့ အဲ့ကိစ္စကဖြစ်လာခဲ့ပြီဖြစ်သည် ။ အစထဲက ချစ်နေကြတဲ့လူအချင်းချင်း ဘယ်သူကပဲ အတင်းအကျပ်ခေါ်ခေါ်  သူကစိုးရိမ်ရမှာလား ? အပိုလူတစ်ယောက်လို ဘာလို့လိုက်လာတာလဲလို့အပြောခံဖို့ လိုက်ရှာရမှာလား ? ချစ်တယ် ချစ်တယ်လို့ တဖွဖွပြောတိုင်း အင်း ဆိုပြီးသာ ဖြေတက်တဲ့ ချစ်ရသူက လိမ်ညာပြီးတောင် မနှစ်သိမ့်ခဲ့ပါ ။  Kyungsoo ထွက်သွားပြီးထဲက Jongin တစ်ယောက် Company ကိုပြန်ရဖို့ ဘာမှမလုပ်သလို နေ့စဥ်အရက်တွေသာ ဖိသောက်နေခဲ့သည် ။

Taemin ကတော့ တစ်ဖက်လူ စိတ်ချမ်းသာစေဖို့ အကုန်လိုက်လျောပေးခဲ့ပြီး သူတို့အချိန်အတော်ကြာ ကုန်ဆုံးခဲ့သည် ။ ဒါဟာ အစားထိုးသက်သက်ဆိုရင်တောင် သူကျေနပ်နေသေးတယ် ။ အခုတော့ ထွက်လာသမျှ သတင်းတွေကလည်း ကောင်းတာဘာမှမရှိတော့သော်လည်း Jongin ကဂရုမစိုက်အားခဲ့ပါ ။ အသဲကွဲမှုကို ဖြေဖျောက်ဖို့ အမျိုးမျိုးသော နည်းလမ်းတွေနဲ့ ကိုယ့်ကိုကိုယ်သာ နှစ်သိမ့် နေခဲ့သည် ။

Secret MonsterWhere stories live. Discover now