Ep - 10

314 53 15
                                    

ကျွန်တော့်စိတ်ဟာ လူငယ်ပီပီမခံချင်စိတ်ရှိတာလား သိုမဟုတ် ဆရာ့ကိုတိုက်တွန်းမှုပြုချင်တာလား မရေရာပေမဲ့ ကျွန်တော်စိတ်ဆိုးနေကြောင်းကို သိစေချင်သည် ။ ဒါ့ကြောင့် seoul အပြန်ကားပေါ်တွင် Jongin နှင့်အတူထိုင်ခဲ့တယ် ဒါပေမဲ့ အဲ့ကိစ္စအစဖြစ်သွားတာက ဆရာကအရင် သူ့နေရာကို Beakhyun ကိုထိုင်ခိုင်းနေခြင်းဖြစ်ပြီး Kyungsoo လည်း မပြောလိုတာကြောင့် ဘေးဘက်က Jongin နဲ့အတူထိုင်လိုက်ခြင်းဖြစ်သည် ။ လိမ့်တက်လာသော ၀မ်းနည်းမှုကို မသိကြေးကျွံပြုရန် အတွေ့အကြုံမရှိသော နှလုံးသားကြောင့် မျက်ရည်လွယ်ကူနေပြန်သော ကျွန်တော်ဟာ မျက်လုံးထဲ​ေ၀့တက်လာသော မျက်ရည်တွေကို မနည်းနှင်ထုတ်လိုက်ရသည် ။

"     Kyungsoo အအေး    "

Beakhyun ကတစ်ဖက်ကနေ သူနဲ့ sehun ကိုအအေးဗူးတစ်ယောက်တစ်ခုစီလှမ်းပေးတယ် ။ ဒါကြောင့် ကျွန်တော်ဆရာ့လက်ထဲကိုကြည့်လိုက်တော့ Beakhyun ရဲ့အအေးဗူးကိုသောက်နေပြီဖြစ်သည် ။ ကျွန်တော့်အကြည့်ကိုဆရာက သိပုံပေါ်တယ် ပြန်ပြီးလှမ်းကြည့်လျက်

"     နှစ်ဗူးလိုချင်လို့လား ?    "

"     မလိုချင်ပါဘူး     "

Chanyeol က သူ့အိတ်ထဲနေ မုန့်ထုတ်တစ်ခုအား Kyungsoo ဆီကိုပစ်ပေးလိုက်သည် ။

"     ယူထား     "

"      မလိုချင်ပါဘူးဆို     "

တကယ်တော့ ဘာမဟုတ်တဲ့ မုန့်လေးကြောင့် ကျွန်တော်ပျော်ရွှင်မိသွားသည် ။ ဒီမုန့်က ကျွန်တော့်တစ်ယောက်ထဲအတွက် မဟုတ်ပါလား ? Jongin ကလည်း သူကားပေါ်မှာစားရန်ထည့်လာသမျှကို သူ့လက်ထဲထိုးပေးလာတော့ Kyungsoo ထိုမြင်ကွင်းကို မြင်နေသော ဆရာ့ဆီခိုးကြည့်မိတော့ သူ့အားပြန်ကြည့်နေပုံက စိတ်ဆိုးနေမှန်းသိသာလိုက်တာ ... ပျော်နေမိတယ် ဆရာသူ့ကို သ၀န်တိုနေပါသည်တဲ့ ။

ဂျူဂျယ်ကနေ ကျောင်းကိုရောက်ရန် ၈နာရီမျှကားပေါ်အချိန်ကုန်သွားပြီးတဲ့နောက်မှာ ကျောင်းမှာပဲ ကားကို ရပ်ပြီး အဲ့မှတစ်ဆင့် ကျောင်းသားတွေကိုအိမ်ပြန်စေခဲ့သည် ။ Beakhyun ကိုသူ့အိမ်ကလာကြိုပြီး Sehun ကလည်း သူ့သူငယ်ချင်းတစ်သိုက်ဖြင့်ထွက်သွားတော့သည် ။

Secret MonsterWhere stories live. Discover now