Ep - 41

138 16 0
                                    

ခဏအကြာမှာ ဆေးရုံလေယျာဥ်ရောက်လာပြီး Chanyeol ကို အရေးပေါ်ကုသနည်းဖြင့် အရင်လုပ်ပြီး ခေါ်သွားသည် ။ ဆရာ၀န်ပြောတာကတော့ ဦးခေါင်းခွံနည်းနည်းအပ်သွားတယ်ထင်တယ်တဲ့ အဓိကကတော့ ဆေးရုံရောက်မှသေချာသိရလိမ့်မည် ။ Chanyeol ဟာ သူ့ကိုဂျက်လေယျာဥ်ပေါ်သို့ လူတွေမခေါ်သွားခင်အထိ Kyungsoo ကိုသူနဲ့လိုက်ခဲ့စေချင်သလို ဆွဲထားသော်လည်း Jongin က Kyungsoo ကိုခေါ်သွားခဲ့ပြီဖြစ်သည် ။  Kyungsoo ကလည်းလုံး၀မပြောပဲ Jongin နဲ့လိုက်သွားခဲ့တယ်  အဲ့အချိန် Sehun တို့ကလည်း ရောက်နေပြီဖြစ်ပြီး ရဲတွေဖြင့် Chanyeol ကိုဖမ်းခေါ်ဖို့လုပ်သော်လည်း တစ်ဖက်လူကအခြေအနေမကောင်းတာ​အပြင် Jongin ရဲ့စကားကြောင့်ဖမ်း၀ရန်ကိုရုတ်သိမ်းခဲ့သည် ။ ရွှင်ရွှင်ပြပြမရှိသော Kyungsoo ကတော့ သူပြောထားတဲ့အတိုင်း Jongiin နှင့်အတူ ဟန်းနီးမွန်းကိုသွားဖို့အတွက် ဟိုတယ်ကိုပြန်လာခဲ့သည် ။ ပထမလေယျာဥ်ချိန်ကလွှတ်သွားတာကြောင့် အချိန်ကိုနောက်သို့ဆုတ်လိုက်ရသည် ။ Kyungsoo အမေကလည်း သူမသားကို အခုလိုလုပ်တာကြောင့် Chanyeol ကို ဆေးရုံသွားမရှာရုံတမယ်သောင်းကျန်းပြီးမှ ပြသနာကပြီးသွားခဲ့သည် ။

ဒါ့ကြောင့် ဒီညကတော့ Kyungsoo တို့နှစ်ယောက် Hotel မှာပဲတည်းလိုက်ရသည် ။ Jongin ဟာ စိတ်နဲ့လူနဲ့မကပ်ဖြစ်နေသော Kyungsoo ကိုဆက်မကြည့်နိုင်တော့ဘူး ... ဒါ့ကြောင့် ယူထားသော အခန်းထဲကနေ ညလယ်ခေါင်ကြီး ထွက်ကာ မြေအောက်ထပ်က Club ကိုသာဦးတည်လိုက်သည် ။ Sehun တို့ကတော့ သူ့မင်္ဂလာပွဲအကြောင်းပြကာ နေရာတောင်ဦးထားပြီးဖြစ်ပြီး ... အရင်လိုလည်း suho ကိုကြောက်ပုံမရပါ ။ သူကဘေးက မိန်းကလေးတစ်ယောက်ကို ဖက်ထားပြီး Jongin လာသည်ကိုမြင်တော့ လက်ယက်ခေါ်တယ် ။

"    ဟိုးးးးးး ဒီအချိန်ဘာလာလုပ်တာလဲ ?    "

"    သူအိပ်နေပြီ    "

"     မင်းကခံစားနေရတာလား ? ဟိုကောင်ကိုဆေးရုံကနေဆင်းရင် ထောင်ထဲသာ တစ်သက်လုံးပိတ်ထားလိုက်စမ်းကွာ    "

"    ငါ့စိတ်အတိုင်းသာဆို သေတာကြာပြီ   မင်းသိပါတယ် ။ ငါ Kyungsoo နဲ့ပတ်သတ်ပြီး ဘယ်လောက်တောင်သည်းခံခဲ့လည်းဆိုတာ    "

Secret MonsterWhere stories live. Discover now