Ep - 42

160 16 0
                                    

Taemin က တစ်ဖက်လူရဲ့မျက်လုံးထဲကအထင်သေးနေတဲ့ အကြည့်တွေကို လှောင်ပြုံးလိုက်သည် ။ သူကတော့ အဲ့လိုပဲ အရှက်မဲ့နေပြီး ဟိုလူကတော့ သူများလက်ထဲကထွက်တာတောင် ကိုကိုအတွက် မမျော်လင့်နိုင်တဲ့ မြင့်မြတ်သူကြီး ဘယ်လောက်တောင်မုန်းဖို့ကောင်းလဲ ?

သူတို့တည်းနေတဲ့ Hotel အခန်းက အထပ်မြင့်အဆောက်အဦးဖြစ်ပြီး 65 ထပ်မြောက်ဖြစ်ကာ လေတဟူးဟူးဖြင့်အရမ်းအေးလှသည် ။ ည 2နာရီခွဲအချိန်ဖြစ်၍ အရာရာဟာ အလွန်တိတ်တဆိတ်နိုင်လွန်းလှပေမဲ့ ၀ရန်တာတစ်ခုလုံးကတော့ အတော်လေးဆူညံနေသည် ။ Taemin က သူအ၀တ်လဲထားသော Bathrobe ကြိုးကိုဖြေလိုက်ပြီး အရူးတစ်ယောက်လိုမျိုး ထိုအခန်း၏ ထောင့်ချိုးနား၌ ရပ်နေကာ Jongin ကိုကြည့်နေသည့် ။ Jongin ကတော့ ထိုမြင်ကွင်းကိုဆက်မကြည့်ချင်တော့ပဲ အခန်းထဲပြန်၀င်ဖို့ လုပ်သော်လည်း တစ်ဖက်ကကောင်လေးက ရုတ်တရက် ၀ရန်တာဘောင်ပေါ်ပြေးတက်တော့သည် ။

Jongin ကလည်း အထိတ်တလန့်ဖြင့် အေးစက်နေသော ခန္ဓာကိုယ်လေးအား ထို၀ရန်တာကနေ ချက်ချင်းဆွဲချပြီး အခန်းထဲပစ်သွင်းပြီးမှ Taemin မျက်နှာသို့ အားဖြင့်ထိုးချလိုက်တော့သည် ။ အခြေအနေတွေဟာ ဖြစ်ပျက်တာမြန်ပြီး Taemin ကတကယ်ကြီး သူ့အရှေ့မှာ သေကြောင်းကြံခဲ့တာဖြစ်သည် ။

" Fuck * မင်းရူးနေတာလား ? "

" အင်း ရူးနေတာ "

" သွားသေလိုက်တော့ "

Taemin ဟာ တကယ့်ကို စိတ်လွတ်နေတဲ့လူတစ်ယောက်ပမာ အခန်းထဲကထွက်ကာ ၀ရန်တာကိုသွားဖို့ထပ်လုပ်ပြန်တာကြောင့် Jongin တစ်ယောက်ဒေါသထွက်ပြီး နောက်တစ်ချက်ထိုးချလိုက်သည် ... ထို့နောက် အနားက အိပ်ယာပေါ်သိူ့ ပစ်ချလိုက်ပြီး အသိစိတ်မရှိပဲ သူ့ကိုအတင်းရုန်းကန်နေသော ကောင်လေး၏ နှုတ်ခမ်းအားပိတ်သိမ်းလိုက်တော့ပဲ သူ့အားတွန်းကန်နေသော လက်တွေဟာ ငြိမ်ကျသွားတော့သည် ။ ထို့နောက် သူတို့ရဲ့ စိတ်ပင်ပန်းတွေအား ထိုအနမ်းတွေအပေါ်သို့ ဖြေဖျောက်ဖို့အတွက် မက်မက်မောမောဖြင့် အချိန်အတန်ကြာ နမ်းပြီးနောက်မှာ အိပ်ယာပေါ်မှာ ထသွားတော့မယ့် Jongin ကို Tae က လှမ်းဆွဲထားသည် ။ သူ့ဦးနှောက်တွေဗလာကျင်းနေပြီး သူ့အရှေ့ကလူကို လုံး၀လွှတ်ပေးချင်စိတ်မရှိဘူး ။ထို့အတူ ဒီလိုအခွင့်အရေးမျိုးသူ့အတွက် ၂ခါရလာမှာမဟုတ်ဘူး <3

Secret MonsterWhere stories live. Discover now