Ep - 17

307 52 11
                                    

Baekhyun နဲ့ဆရာက ဘယ်လိုအကြောင်းဖြင့်ပျက်သွားလဲဆိုတာ မသိပေမဲ့ ကျွန်တော့်စိတ်ထဲမှာတော့ ၀မ်းသာနေမိတယ် ။ Baekhyun အပေါ်မတရားဘူးဆိုပေမဲ့ ပျော်ရွှင်နေတဲ့စိတ်ကိုမဖုံးမိနိုင်ဘူး ။ သူအစထဲကထင်ပြီးသားပါ ပျက်မယ်ဆိုတာ ကြိုသိပေမဲ့ အခုလောက်စောမယ်မထင်ခဲ့ရုံလေးသာ ။ အခုဆို ကျောင်းကလည်ပိတ်ပြီဆိုတော့ မနက်ဖြန်ကစပြီး အချိန်ပိုင်းအလုပ်စလုပ်ရတော့မည် ။ လောလောဆယ်တော့ ခံစားချက်ကိစ္စတွေကိုခေါင်းထဲထုတ်ထားပြီး ငွေရဖို့သာ အရေးကြီးသည်ဟု စိတ်ထဲမှတ်ထားလိုက်တယ် ။ ဆရာနဲ့ပတ်သတ်ပြီးလည်း ဆက်မတွေးချင်တော့ဘူး ။ တကယ့်ကို သစ္စာမစောင့်တဲ့လူများကိုမုန်းတီးသော ကောင်လေးရဲ့ စိတ်ကွက်မှုဟာ တစ်ဖက်သားအပေါ်ထားသော အချစ်နဲ့မဖုံးမိနိုင်ဘူး ။

ဆရာက play boy လား? ဆိုတာ သူမတွေးပဲမနေနိုင်ဘူး Kyungsoo ဘ၀မှာ တစ်ဖက်သက်ချစ်ခဲ့တုန်းကလည်း သူတကယ်အဲ့အမကြီးတွေကိုသဘောကျခဲ့တယ် ။ တစ်ဖက်သားကိုသဘောမကျပဲ သမီးရည်းစားလို ရေလာမြောင်းပေးလုပ်ဖို့ မလွယ်ဘူးလို့ထင်ထားခဲ့ထားတာ ဆရာနဲ့တွေ့မှ အဲ့လိုလူလည်းရှိပါသေးလားဟုတွေးမိသည် ။ သူ့နေရာမှာ အခြားလူဆိုလည်း ဆရာက အခုလိုပဲ သီးသန့်ဖြစ်သော ကော်ဖီတွေဘာတွေဖျော်တိုက်မှာပေါ့ ။ ဆရာ့လိအြသက်အရွယ်နဲ့ ရည်းစားထားတာ လူရည်လည်နေမှန်း သူသိပါတယ် ။ ဘာပဲဖြစ်ဖြစ် အချစ်ကို အတွေ့အကြုံကောင်းတစ်ခုအဖြစ်သာမှတ်ယူလိုက်တော့မည် ။

Bar ကအပြန် မူးရှုးနေသော Baekhyun ကို sehun တို့ချစ်သူနှစ်ယောက်ကလိုက်ပို့ပေးခဲ့ပြီး Kyungsoo Jongin ကားနဲ့အိမ်ပြန်လာခဲ့သည် ။ Sehun ကလည်း ရည်းစားရသွားတော့ အရင်လိုသွားသွားလာလာအတူမရှိနိုင်တော့တာကြောင့် jongin နဲ့သူအတော်လေးတွဲဖြစ်နေတယ် ။ Jongin အကြောင်းတွေကို သိသင့်သလောက်သိပြီး မကောင်းတာရော ကောင်းတာရော သူလက်ခံနိုင်အောင်ကြိုးစားလိုက်သည် ။ Kyungsoo ကြားတာတော့ Jongin ကတစ်ဉီးတည်းသောသားဖြစ်ကာ Jongin ရဲ့ ကြားသမျှအကြောင်းတွေကအကောင်းကြီးပဲတော့မဟုတ်ဘူးပေါ့

Jongin အရင်နေခဲ့သော ကျောင်းမှာ သူ့ကြောင့် ကျောင်းသားလေးတစ်ယောက်သေဖူးတယ်တဲ့ ။ ဟုတ်လားမဟုတ်လား မသိပေမဲ့ လူချမ်းသာကောင်လေးက အခုသူသိထားသော Jongin လိုတော့ ခွေးလိမ္မာလေးတစ်ကောင်မဟုတ်ဖူးပေါ့ ။ အမြဲရန်ဖြစ်ဆိုးသွမ်းပြီး J Group ရဲ့သားတော်မောင်ရဲ့ ကားကိုအဆင်မချင်မောင်းတဲ့အကြောင်း club မှာပြသနာရှာတဲ့အကြောင်း နာမည်ကြီး Model တွေနဲ့တောင်ရည်းစားဖြစ်သေးတာ ရှိသည် ။ Kyungsoo တစ်ယောက် လူတစ်ယောက်ကိုစဉ်းစားပေးဖို့ဆိုတာက အဲ့လူရဲ့အကြောင်းကိုသေချာသိဖို့လိုတယ်လိုတွေးမိတယ် မဟုတ်ရင် မထမတစ်ယောက်လို သူ့အပေါ် ကစားတာမခံနိုင်တော့ဘူးလေ ။  Jongin ရဲ့အကြောင်းတွေသိတော့ သူအမြဲတမ်း တစ်ဖက်လူ၏ ခံနိုင်ရည်အားကိုအမြဲစမ်းသပ်ကြည့်ပေမဲ့ Jongin ကတော့ သူ့အပေါ်အရမ်းသည်းခံလွန်းတယ် ။ သူ့ပုံစံက အရမ်းကို ချစ်တတ်သော လူတစ်ယောက်လိုပေါ့ ။

Secret MonsterWhere stories live. Discover now