Ep - 27

200 42 9
                                    

မနက်ခင်း၏ အလင်းရောင်နှင့်အတူ နိုးလာတော့ မနေ့ညက သူ့အားနေခိုင်းသောအခန်းမပြန်ဖြစ်တော့ပဲ ဆရာ့အခန်းမှာ အိပ်ဖြစ်သွားတာကို Kyungsoo သတိရသွားပြီး သူ၏ ဘေးနားမှာလှဲလျောင်းနေဦးမယ့်တစ်ဖက်လူအား အသာကိုယ်လေးလှည့်ကာ ကြည့်လိုက်တော့ သူ၏ အဆုံးအထိ အချစ်တွေနှင့် ချစ်ရသူ၏ အိပ်စက်နေသော မျက်နှာလေးကြောင့် အရမ်းကိုတုန်လှုပ်ရပါတယ် ။

ဆရာဟာအရမ်းချောတယ် ကြည့်ကောင်းတယ် ဒီရုပ်ရည်ကို ကျောင်းမှာဆို ကျောင်းသူ တွေဘယ်လောက်အထိ သဘောကျကြလည်းတွေးမိတော့ ... အခုလည်း ဆရာ့ကိုသဘောကျနေတဲ့လူတွေ ထပ်ရှိနေဦးမယ့်အကြောင်းတွေးမိတော့ ရင်ထဲမှာ ပြည့်ကျပ်ကျပ်ခံစားလာရသည် ။

သိမ်ငယ်မိတယ် ... တစ်ဆက်ထဲမှာပဲ ဆရာ့ဆီက ကံကောင်းမှုတွေရနေတဲ့ ကျွန်တော်ဟာ ထိုကောင်းချီးပေးခံရတဲ့ အနေအထားလေးကို အလွန်ပျော်နေမိသည် ။ ဆရာပေးသော အစိတ်အပိုင်းအသေးကို ကျွန်တော်ဟာ ကမ္ဘာကြီးတစ်ခုလုံးအပိုင်ရနေသလို ခံစားနေရပြန်တယ် ။ ဒါဟာ လူတွေပြောကြတဲ့ အချစ်များလား ? ...

" နိူးနေပြီလား "

Kyungsoo ကပြုံးကာ ခေါင်းငြိမ့်လိုက်သည် ။ သူဟာ အရှေ့ မျက်နှာချင်းဆိုင်ကလူသား၏ ဆွဲဆောင်မှုအောက်မှာ စက်ရုပ်တစ်ခုလိုလှုပ်ရှားနေတယ် ။ Chanyeol ကတော့ သူ့အရှေ့က ကောင်လေး၏ အိမ်မုန်စုတ်ဖွားလေးဖြစ်နေသော ဆံပင်များကို ဖွလိုက်ပြီး အိပ်ယာပေါ်ကနေ ထလိုက်သည် ။ နာရီကိုကြည့်တော့ ၇နာရီဖြစ်နေပြီဖြစ်သည်

" ထတော့ ကိုယ်နဲ့ ဆိုင်လိုက်ခဲ့မှာလား"

" ဟုတ်ကဲ့ "

Kyungsoo ဟာ သူ့ရဲ့ ရဲပတောင်းခက်နေသော မျက်နှာလေးကိုကွယ်လျက်ပြန်ဖြေလိုက်သည် ။ Chanyeol ကတော့ အကျင်္ီဗလာဖြင့် ရေချိုးရန် ရေချိုးခန်းထဲ၀င်သွားပြီဖြစ်သည် ။ အခုထိ ရှက်နေသော ကောင်လေးကတော့ သူ့ရဲ့ အလွန်ခုန်နေသော ရင်ဘက်၏ အရှိန်ကိုထိန်းလျက် အိပ်ယာပေါ်ကနေ ထလိုက်သည် ။ ထို့နောက် သူအခန်းထဲက ထွက်သွားတော့တယ် ... Chanyeol အခန်းထဲကနေထွက်လာတော့ Kyungsoo က အကျင်္ီလှဲကာ အပြင်သွားဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်သည် ။

Secret MonsterWhere stories live. Discover now