Part26

139 28 14
                                    


ရွှဲ့မင်ရင်ထဲ၌ အမည်မဖော်နိုင်သော တင်းကြပ်မှုနှင့်မကျေနပ်မှုတို့က ကျန်ရစ်နေဆဲ။ရှီးမိန်ကိုထားရစ်ခဲ့တည်းက နောက်ပြန်လည်းလှည့်မကြည့်ခဲ့ပါချေ။စိတ်အလွန်ကြီးသောသူဖြစ်သဖြင့် ယခုကဲ့သို့ ပိုမိုမုန်းချင်စရာကောင်းသော အကြောင်းအရာကို မထင်မှတ်ဘဲ သိလိုက်ရခြင်းသည် ရွှဲ့မင်ဒေါသကို ပိုအမြစ်တွယ်စေသည်။

မြင်းဇာတ်ကြိုးကို ဆောင့်ချပြီးဆင်းလိုက်သည်။ ဆူးခြုံရွာကိုရောက်လာကြပေပြီ။ ရွာဟူ၍သာပြောရသည်။အိမ်ပျက်အိမ်အိုများသာရှိသည်။မိစ္ဆာကြီးစိုးသဖြင့် သိုင်းပညာနည်းပါးသော ရွာငယ်များသည် ဂိုဏ်းအသီးသီးကိုခိုလှုံသွားကြသည်။ဆူးခြုံရွာငယ်သည်လည်း ကျိုးစစ်ထောင်ထားသောဂိုဏ်းသို့ဝင်ရောက်လာကြပြီး ရွာနာမည်နှင့်လိုက်အောင်ဆူးခြုံများပေါများလျက်ရှိသည်။

ဘုံကျောင်းအကြီးကြီးထဲသို့ အားလုံးဝင်ရောက်လာကြသည်။အလယ်၌ ဘုရားရုပ်တု လက်ဝဲ၌ ကွမ်ရင် လက်ယာ၌ရှီးမိန်ရုပ်တုဖြူဖွေးဖွေး က နေရာယူထားသည်။လူတို့သည်ရှီးနတ်ဘုရားကိုမမြင်ဖူးကြသော်ငြား အလှဆုံးအတည်ဆုံးဖြစ်အောင် သွယ်လျကျော့မော့စွာထုဆစ်ထားနိုင်ပါ၏။ရွှဲ့မင်ထိုရုပ်တုအား အငြိုးမျက်ဝန်းတစ်ရစ်ရစ်တက်စွာကြည့်နေလေသည်။ရုပ်တုသည် တစ်ကိုယ်လုံးနှင်းပွင့်ဝတ်ရုံကိုခြုံထားကာ နှုတ်ခမ်းနီဆိုးထားပေးသည်။ထို့ပြင် ကွမ်ရင်ရုပ်တုကဲ့သို့ ပြုံးနေစေသည်။

လက်တွေ့၌ ရှီးမိန်နှုတ်ခမ်းသည် ပန်းဆီရောင်ပုစွန်ဆိရောင်သွေးရောလျက် ပြုံးသည်ဟူ၍ မရှိပါပေ။ "ဟင်း"ဟု နှာမှုတ်လျက် မျက်လုံးစောင်ကာ ဘုံကျောင်းအပြင်ဘက်ထွက်သွားသူမင်းကြီးကြောင့်အားလုံးသိနှင့် ကြသည်။လမ်းခုလတ်၌ ရှီးနတ်ဘုရားနှင့် ရန်ပွဲနွှဲခဲ့ကြပြီဟူ၍ပင်။

ရှီးမိန်တို့နှစ်ယောက်မှာ ဘုံကျောင်းရေတွင်းကို သေချာစူးစမ်းလျက်ရှိသည်။မတွေ့ချင်မှ နေရာကျဉ်းသဖြင့် သွားတိုးလေသည်။ကျောခိုင်းမှ ချောင်းသံသဲ့သဲ့ကြားရသည်။

နတ်ဘုရားက ဘယ်လိုချောင်းဆိုးမလဲ။ငါနားကြားလွဲတာ။မကြည့်ဘဲနေနိုင်လားဆိုတော့လည်း စိတ်အလိုကို လူကမထိန်းနိုင်ခဲ့။ထိုမုန်းသော အရိပ်ဖြူဖြူထံသို့မသိမသာ စောင်းလှည့်ကြည့်မိသည်။ရေတွင်းဘေးရှိ ကျောက်တုံးကိုခုံသဏ္ဍာန်သွေးထားသော ပလ္လင်၌ ထိုင်နေသည်။

White and Glory master : ZawgyiUnicode{ Own Creation,chinese BL,Rated Mature}Wo Geschichten leben. Entdecke jetzt