Part30

129 20 6
                                    

((A. N)အပိုင်း၂၇ကနေအပိုင်း၁ထိ စာပြန်စစ်ပြီးချောမလို့ unpublishလုပ်ထားပါတယ် စာဖတ်သူလေးတို့ ။အကုန်ပြီးရင်ပြန်တင်မှာပါ။သည်အပိုင်းလေးကတော့ ရှီးမိန်နဲရွှဲ့မင် မိဖုရားကိုပညာပေးခန်းလေးပါ။ဘယ်သးမှစိတ်မဝင်စားပေမယ့် ပြောပြရပါဦးမယ်။VioletကCDMလို့မပြောဘဲခွင့်မယူရုံးမတက်တာ တစ်လပြည့်ပါပြီ။သာသာယာယာစာရေးတင်နေတာမဟုတ်ဘူးဆိုတာပြောပြချင်တာပါ။အိမ်ကနေလည်းစွန့်လွှတ်ခံထားရတဲ့အခြေနေပါ။ဘယ်အခြေနေရောက်ရောက်Surviveလုပ်နိုင်တဲ့စိတ်ကိုမွေးကြဖို့ပြောချင်ပါတယ်။အားလုံးချမ်းမြေ့ကြပါစေ....

Zawgyi
"ရှီးမိန် ငါတို့ဘယ်ဆက်သွားရမလဲ"ဝေါယာဉ်ထဲမှနေရင်း ခပ်ပြတ်ပြတ်မေးမိသည်။လူ့ပြည်တစ်ပြည်လုံးအမွှေးတိုင်ကြာစွယ်တို့ဖြင့်ပူဇော်ရသောနတ်ဘုရားအား နာမည်ပင်တပ်ခေါ်နေသည့် ရွှဲ့မင်နှင့် ထိုသို့နာမည်တပ်ခေါ်သည်ကို အမျက်ချောင်းချောင်းထွက်နေပါသောမိဖုရား။ကျန်လူများက ချောင်းဆိုးသူဆိုး၊အသက်ရှူကြပ်သူကကြပ်နှင့်မို့မော ဟိုက်နေကြသည်။အာရုံလည်းမထားနိုင်ကြ။

မဆိုင်းမတွပင် ရွှဲ့မင်တို့အားလုံး ဖြူလင်းကြည်တောက်သော အလင်းရောင်ဝါကို မြင်လိုက်ရပြီးပြီးချင်း
"ငါတို့တည့်တည့်ပဲဆက်သွားကြရမယ်။ဒါပေမယ့် မင်းကြီးကဝေါယာဉ်ကဆင်းပြီး ထိပ်ကိုပြန်သွားပါ" အမှောင်ခွင်း၍အလင်းဆောင်သောအသံကြောင့် အားလုံးစိတ်အေးသွားကြသလိုပင်။

နတ်ဘုရားကား သူ့အကြောင်းနှင့်သူ ပြောလိုက်သော်လည်း ရွှဲ့မင်အပါဝင် အားလုံးက အမျိုးမျိုးအဓိပ္ပါယ်ကောက်ကြတော့သည်။အဓိကကရွှဲ့မင်ပေ။

မင်း​ကြီးငယ်၏ ကျေနပ်သည့်အပြုံးကား မျက်နှာတည်တံ့တံ့ကိုဖုံးတော့မလိုပင်။

အမှန်မူကား နတ်ဘုရား၏ကာလသုံးပါးကြည့်မှော်ဖန်လုံးမပြောနှင့် အာရုံခံအစွမ်းသည် ရွှဲ့မင်နားမှာ အားနည်းလှသည်။လိုရာဆွဲတွေးကာ မြင်းပေါ်မျက်နှာမာနှင့်ထိုင်နေသူသည် သဝန်တိုခံရသည်ဟုတွေးနေကြောင်း ကျိုးစစ်အနံ့ရသည်။

ကျိုးစစ်;အိုင်းရိုး မြင်းယောကျာ်းဖြစ်တာ ဂုဏ်ယူနေတဲ့ပုံ။ခုလည်းမြင်းပေါ်ထိုင်ခိုင်းခံရတာ မာန်တက်နေသေးတယ် ငါ့အရှင်လည်း ရူးသွားပြီ။ အဖျားရှူးသွားသောအတွေးကို ရွှေချရမလိုပင်။

White and Glory master : ZawgyiUnicode{ Own Creation,chinese BL,Rated Mature}Where stories live. Discover now