4

914 105 2
                                    

နန်းတော်ဝန်းကျင်သည် နွေရာသီ ပုရစ်သံတို့နှင့် ညည့် ငှက်သံတို့က သက်ဆိုင်ရာ ရှေ့နောက်တောင်မြောက်ဥယျာဉ်ကြားထဲ ပုန်းခို ဟစ်အော်လျက် ရာသီနွေးနွေးကို ဖော်ဆောင်ပေးကြသည်။

နန်းတော်ကိုးကွယ်ရာရေခဲနတ်နန်းသည်ကား ရှီးဟုန်မရှိလျှင် အမှန်ကန်​​နွေးနွေးထနေမည်ဖြစ်သော်လည်း ယခုမူ ပိုင်ရှင်ရှိနေသည်ကြောင့် ​အေးစက်​​သောအ​ငွေ့အသက်​က ဝန်းကျင်​၌ ခံစားရ​ပေသည်​။အထဲ​၌ ရှီးမိန်​နတ်​မင်းနှင့်​ရှီးဟုန်​ပုံတူကို ကျကျနနထုဆစ်​ထား​သော အရုပ်​နှစ်​ရုပ်​ရှိသည်​။အရပ်​၊မျက်​နှာအချိုးအစားကား ဖ​ယောင်းရုပ်​ထုဖြစ်​၍ ထပ်​တူကျ​သော်​လည်း အ​ယောင်​အဝါအဆင်းအရည်​မှာ ရှိရင်းစွဲပထမကို မမီနိုင်​။ဤသည်​မှာ နတ်​တို့၏သီလတန်​ခိုး၊သမာဓိတန်​ခိုး၊ပညာတန်​ခိုးပင်​တည်း။ရုပ်​ထုနှစ်​ခု​ရှေ့၌ အ​မွှေးနံ့သာတိုင်​အရွယ်​အစားကြီးစဉ်​ငယ်​လိုက်​က အစီအစဉ်​တကျရှိသလို ပဒုမ္မာကြာပွင့်​ကြီးများက ဦးခိုက်​ပူ​ဇော်​​နေသည်​။နတ်​နန်း၏ တစ်​မိုင်​အကွာတွင်​ နန်းမျိုးနန်းဆက်​တို့ဥပုသ်​​စောင့်​​သော ဘုရားဘုံ​ကျောင်းရှိသည်​။

တရားထိုင်​​နေရင်း အသံသြသြတစ်​ခုက အပြင်​တံခါးဘက်​မှ လာ​ခေါ်​လေသည်​။
"ရှီးဟုန်​နတ်​သား...ရှီးဟုန်​နတ်​သား.."
ရှီးဟုန်​ ချက်​ချင်း​ လေအလျင်​ဖြင့်​တံခါးသွားဖွင့်​လိုက်​သည်​။

ရှီးဟုန်​သည်​ ကျိုးစစ်​ အားကြည့်​ရုံနှင့်​ ပြဿနာတက်​​နေပြီးမှန်းသိသည်​​။
ရှီးဟုန်​:လာ သွားစို့။သည်​တစ်​ခါ​တော့ ကျိုးစစ်​လမ်းပြစရာမလိုပဲ မင်းသမီးအ​ဆောင်​သို့​သွားရန်​​ရှေ့မှ​လျှောက်​သည်​။

ကျိုးစစ်​:သူ သူ အ​ဆောင်​ထဲမရှိ​တော့ဘူး။ဒီချိန်​ဆို ​စောင့်​ကြည့်​​နေရင်း ​ပျောက်​​ပျောက်​သွားတတ်​တယ်​။ကျိုးစစ်​မျက်​ဝန်းတို့သည်​ ရှီးဟုန်​အားတိုင်​တန်းဟန်​ပြသည်​။

ရှီးဟုန်​:ဘယ်​လို?ခန္ဓာကိုယ်​​ပျောက်​ထွက်​သွားတာမျိုးလား။

အပူပင်​ကြီး​နေ​သော ကျိုးစစ်​မျက်​နှာခန့်​ခန့်​သည်​ ​ချွေးစစကပ်​​နေသည်​။နတ်​သူငယ်​သည်​ ​ခေတ္တအာရုံယူရင်း "လာ မင်းသားကို​ခေါ်ပြီး ကိုယ်​​တော့်​​နောက်​လိုက်​ခဲ့"။ရှီးဟုန်သည် လေထဲသို့ခြေလှမ်းနှစ်လှမ်းသုံးလှမ်းလောက် လှေကားထစ်သဖွယ် အရှိန်နှင့်လှမ်းလျှောက်သွားရင်း အတော်မြင့်မြင့်သို့အရောက်တွင် ပုံမှန်ပြေးနေသော မဟူရာကောင်းကင်နောက်ခံနှင့်ကြိုးကြာဖြူလေးသဖွယ်ရွေ့လျားနေလေသည်။

White and Glory master : ZawgyiUnicode{ Own Creation,chinese BL,Rated Mature}Where stories live. Discover now