18

532 46 8
                                    

နှလုံးသားထဲ၌ အမျက်ဒေါသတို့သာပြည့်နှက်နေပြီ။သတ္တဝါကြီးအားမိမိကိုယ်တိုင်နှိမ်နင်းလိုက်နိုင်မှုကြောင့် ကျေနပ်ပီတိဖြစ်ရသလို ပြည်သူတို့၏ယုံကြည်ကိုးစားမှုကိုပိုရလာသည်။ရှီးမိန်နတ်နန်းအား မကိုးကွယ်ကြတော့ပဲ နန်းတော်မှ ဖျက်ချပစ်လိုက်ကြသည်။ရှီးမိန်အား သတ္တဝါ၏ပုပ်ပွ ဆွေးမြည့်ပုံကို စောင့်ကြည့်စေလျက် တပည့်ငယ်အား ဝေယျာဝစ္စအနည်းငယ်သာလုပ်စေသည်။ကျန်အချိန်များတွင် ကျိုးစစ်က စစ်ရေးစစ်ရာသင်ပေးပြီး လူစစ်သားတို့ကြားရောနှောစေပြန်သည်။ရေခဲနတ်မင်းအားလူတို့အကြည်ညိုလျော့ကုန်ကြသည်။အကြောင်းရင်းကား ဆက်စပ်တွေးကြည့်လျှင်သိနိုင်သည်လေ။

"ရှီးမိန်ကို ကိုယ်တိုင်သင်္ဂြိုဟ်ခိုင်းလိုက်ရမလား" နီသွေးရောင်နှုတ်ခမ်းတန်းတန်းတို့ မဲ့ကာရယ်လိုက်သည်။ရှီးမိန်​မှာ ​ရေခဲအတိပြီး​သောပုလ္လင်​ထက်​၌ပက်​လက်​အ​နေအထား နှင်းဖြူ​ရောင်​လက်​နှစ်​ဖက်​ယှက်​ကာ အိပ်​​နေသ​ယောင်​ ​အေးစက်​လွန်းသည်​။သို့​သော်​အိပ်​​နေသည်​မဟုတ်​။မေ့​မျော​နေသည်​က​အသေချာပင်။

အနံ့အသက်တို့ကို နံ့သာကိုးမျိုးဆေးစွမ်းဖြင့်ထိန်းလျက် ကြာဖြူကြာနီကြာဝါကြာခရမ်း အမျိုးမျိုးရေမွှေးဖော်စပ်ပက်ဖြန်းရသည်။အဘယ်ကြောင့်ဤသတ္တဝါအား မသင်္ဂြိုဟ်ပဲ အချိန်ကုန်ခံ အမွှေးနံ့သာဖြုန်းခံပြီး ရှီးမိန်နှင့်တွဲထားရသနည်းဟု မေးခွန်းထုတ်ကြ၏။လူ့ပြည်၏ချမ်းသာခြင်းရှေ့ဆောင် ဧကရာဇ်အဖို့ ကုန်ကျသည်မှာ နှမ်းတစ်စေ့လောက်ပင်မရှိသော်ငြား အချိန်ဖြုန်းသည်မှာ ငြင်းစရာမရှိချေ။

ရှီးဟုန်မှာ တရားကျင့်ချိန်နည်းပါးလာလျက် ရှိသည်။နေ့စဉ် ကျိုးစစ်၏စစ်ရေးပြကွင်းကြွားခံရသည်ကပိုမှန်မည်။မြှားပစ်သင်ခြင်း ဓားရေးပြခြင်းတို့က ရှီးဟုန်လိုနတ်သားလည်း တတ်ကျွမ်းသည်ကြောင့် ဤအရှင်နှင့်ညီကား အချိန်ဖြုန်းကြလေစွဟု ရှီးဟုန်စိတ်ပျက်ပျက်တွေးမိတော့သည်။ဟိုလိုက်ပြ သည်လိုက်ပြနှင့် သူတော်ကြောင့် စစ်သည်တစ်သောင်းလေ့ကျင့်ပုံအစုံစုံကို ဝင့်ကြွားပြောဆိုသေး၏။

White and Glory master : ZawgyiUnicode{ Own Creation,chinese BL,Rated Mature}Where stories live. Discover now