17

517 47 10
                                    

မူလထက်​ပိုမိုကျယ်​ဝန်းနက်ရှိုင်းလာ​သောမျက်​လုံးကြီးများသည်​ သူငယ်​အိမ်​လုံးလုံး​ပျောက်​၍ နက်​​မှောင်​ခြင်းတို့သာစိုးမိုး​နေ​လေ၏။ရှုးရှုးရှဲရှဲအသံများ အသက်​ရှူသံပြင်းပြပြ​အောက်​ တုန်​ယင်​​ဒေါသထွက်​​နေ​လေသည်​။ကယ်​တင်​လာ​သော နတ်​မင်းအားလည်း ရိုင်းစိုင်းစွာကြည့်​လျက်​ အစွယ်​တို့ရှည်​ကျ​လာသည်​။ဆရာတပည့်​လည်း စိုးစိမျှ မ​မျှော်​လင့်​ထားသည့်​ မိမိတို့၂ဦးအားရန်​လိုမှုကို မြင်​​တွေ့​နေရပြီ။

အဖြူရောင် ရေခဲ၂ပွင့်မှာ သစ်ပင်ထိပ်ဖျားတို့ဆီပျံခုန်တက်လျက် သီလကြိုးဖြင့်ချည်နှောင်ခေါ်ထုတ်ရန်ကြံစည်သည်။မကြာခင် ဘုရင့်တပ်များရောက်လာမည်ဟု နှစ်ယောက်သားခန့်မှန်းမိသည်။ရွှဲ့မင်တပ်များလာလျှင် ဤသတ္တဝါအသက်ရှင်မည်မဟုတ်တော့ပေ။

သီလကြိုးအား ဝါးမျိုကိုက်ဖြတ်လျက် ရှီးမိန်ပစ်ချသော ရေခဲဆူးတောင်တို့ကို အသားနာခံ ဝရုန်းသုန်းကား တိုက်ချပြေးလွှားလျက် မြေသားတချို့အက်ကွဲလာလေ၏။ရှီးမိန်သတိရလိုက်သည်။ထိုသတ္တဝါငယ်အား သတ်ခံရသည်ကို ကြားသိရခြင်းကြောင့် အမျက်ထွက်နေလောက်သည်။ထွက်လည်းထွက်သင့်သည်မှန်း ရှီးမိန်သဘောပေါက်သော်လည်း ရွှဲ့နန်းတော်ကမည်သူ့ကိုမှ မထိခိုက်စေရေး မျှားထုတ်လာခဲ့ရသည်။အဓိက ရွှဲ့မင်မြတ်နိုးလှချည်ရဲ့ဆိုသော မိဖုရားကို အန္တရာယ်မပြုရန်သာ။

ရွှဲ့မင်:ရှီးနတ်မင်း တားဆီးကာကွယ်မနေပဲ လွှတ်လိုက်ပါတော့။ဟက် မထူးလည်း ၃ယောက်လုံးမကြာခင် ဖမ်းခံရမှာပဲ။ကိုယ်တော့်သွေးသောက်ထားတဲ့နတ်မင်းနဲ့ ရေခဲကြောက်တဲ့မိစ္ဆာက သောင်းချီတဲ့ ရေခဲအဆိပ်မျှားတွေကိုခံနိုင်မတဲ့လား။

ရှီးမိန်သည် မကြားချင်ယောင်ဆောင်လျက် ကိုယ်တွင်းကရှိသမျှသော အေးစက်သည့်ရေခဲအငွေ့တို့အားလွှတ်ကာ သတ္တဝါ၏စိတ်ရိုင်းကို ညှို့ယူဖို့လုပ်သည်။မထင်မှတ်စွာကျရောက်လာသောရေခဲဖန်ချွန် မျှားတို့သည် ငြိမ်ကျလုနီးမိစ္ဆာအား ထိုးစစ်ဆင်ကြသည်။မိစ္ဆာသည်နဂိုမူလထက်ပြင်းသော အဟုန်ဖြင့် ရွှဲ့မင်တို့ရှိရာ နန်းတော်ဆီ ခုန်ပျံရင်း အငွေ့နက်တို့က ဖုံးလွှမ်းစေလိုက်သည်။အားလုံးအမှောင်အတိကျနေစဉ်တွင် ရှီးမိန်တို့၂ယောက်သားသည် ကိုယ့်ခန္ဓာအလင်းဖြူကိုဝန်းကျင်​တခုလုံးထိန်လင်းစေသည်။

White and Glory master : ZawgyiUnicode{ Own Creation,chinese BL,Rated Mature}Where stories live. Discover now