Part27

146 26 16
                                    

Zawgyi
တိမ်မျှင်တို့ဖုံးအုပ်ထားသော ညနေ နေဝင်ဆည်းဆာချိန်။ရှီးမိန်ကိုမိမိနမ်းရှိုက်လိုက်တိုင်းရဲတက်သွားသော နှုတ်ခမ်းသားအရိပ်များစွာကို တိမ်နီသွေးရောင်များကြား မြင်နေရသည်။ခုနက သမ်းဝေသံသည် ရွှဲ့မင်နားထဲပဲ့တင်ထပ်နေဆဲ။တစ်ဖန် သေဆုံးသောမိဘမျက်နှာများနှင့် ညစ်ပတ်ပုပ်ပွနေလေသော မိစ္ဆာကောင်ကိုမြင်လိုက်ရသည်။မျက်နှာပြင်က လှပသောအရောင်အဆင်းရှိသည့်ဆည်းဆာကိုငေးနေသော်လည်း နူးညံ့မှုတို့ကင်းမဲ့လျက် လည်ဇလုပ်က ဗျာများကာ တံတွေးတချို့ကိုမျိုချမိနေဟန်ပင်။

ကျိုးစစ်;ဘုံကျောင်းဘယ်ဘက်အဆောင်ဟာကျယ်ပြန့်ပြီး အခန်း၃ခန်းပါတယ်။နေမကောင်းတဲ့မိဖုရားလည်းအိပ်နေပြီ။အရေးကြီးစကားပြောချင်ရင် အစောင့်တွေကိုအပြင်ထွက်ခိုင်းလို့ရသားနဲ့ ဘုံကျောင်းနဲ့သုံးမိုင်ဝေးတဲ့ဝါးရုံတောကိုခေါ်လာရတယ်လို့။ရှင်းစရာရှိရအောင်လည်း ငါသည် သူ့ဇနီးရှီးနတ်မင်းမဟုတ်။အိုင်းယား ဇနီးတဲ့ ကြားရင်သူ့ယပ်တောင်နဲ့ရိုက်ခံထိနေပါ့မယ်လေ...ရှီးနတ်မင်းက ရေခဲတုံးလုပ်လိုက်မှဖြင့် အီး...

ဇာမဏီယပ်တောင်သည် သံမဏိဓားပါ၍ ရိုက်ခံရလျှင်ဓားရိုးများဖြင့်ထိသည်မို့ နာလှသည်။တစ်ခါက ကျိုးစစ်သည် ရွှဲ့မင်းသားဘဝတုန်းက အပြင်ခိုးထွက်သည်ကိုမခေါ်မိ၍ အရိုက်ခံရဖူးသည်။သူငယ်ချင်းညီအစ်ကိုဆက်ဆံရေးဆိုသော်ငြား ပြန်ပြောပြန်လုပ်နိုင်သည့်ဆက်ဆံရေးဆိုသော်ငြား ထိုအခါက မင်းသားငယ်အလွန်အထီးကျန်နေသည်ကို သတိမမူမိသဖြင့် အရိုက်ခံလိုက်သည်။ဓားကိစ္စအသာထား၍ ကျိုးစစ်ထပ်မကျေနပ်သည်က ရှီးဟုန်နှင့် ဆည်းဆာကြည့်နေရမည့်အစား မျက်နှာမာတင်းတင်းကြီးနှင့်အတူ ဝါးပင်ထိပ်ဖျားကိုယ်ဖော့ကာရပ်နေရခြင်း။ခါတိုင်းတိုက်ခိုက်သည့်အချိန်ကိစ္စမရှိပေမယ့် အနားယူချင်လှပြီဖြစ်သည်။

ကျိုးစစ်:ကျွန်တော်ပြောချင်တာက အညောင်းခံရပ်နေတာလည်းကြာပြီ။ဆည်းဆာချိန်လာခံစားကြည့်ရှုတာမဟုတ်ဘူးဆိုလည်း မင်းကြီးရယ် ဘာလို့တက်လာသေးလဲ။အောက်ဆင်းပြောကြမလား ဟီး။ပြန်ကြည့်လာသော အရှင့်မျက်နှာသည် မည်သို့ပုံဖော်ရမည်မသိ။ဖြဲနေသော သွားများ ပြန်ပိတ်လိုက်ရသည်။မျက်နှာတော်သည်လုံးဝကြည်မနေပေ။

White and Glory master : ZawgyiUnicode{ Own Creation,chinese BL,Rated Mature}Where stories live. Discover now